Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မဟာမုနိဘုရားအနီးရှိ ဈေးဆိုင် ၁ဆိုင် မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

Breaking News

မဟာမုနိဘုရားအနီးရှိ ဈေးဆိုင် ၁ဆိုင် မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

ABN – သူရမောင်

ကျောက်တော်မြို့နယ်၊ မဟာမုနိ ဘုရားကြီးအနီးရှိ ဈေးဆိုင် ၁ဆိုင်မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး မီးလောင်သေဆုံးသွားခဲ့သည်ဟုသိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၈ နာရီ ၂၀ မိနစ်တွင် မဟာမုနိဘုးကြီးအနီးရှိ မုန့်တီဆိုင်တစ်ဆိုင် ပေါ့ဆမှုကြောင့် မီးလောင်သွားခဲ့ခြင်းဖြစ်သည်။

မီးလောင်ရာ၌ သေဆုံးသွားခဲ့သူမှာ ဆိုင်ပိုင်ရှင် ဒေါ်လှသိန်းနု၏သား ကိုမောင်သန်းစို ၃၉ နှစ်ဖြစ်ကြောင်း သိရသည်။

“မီးက ၈ နာရီ ၂၀ လောက်ကလောင်တာပါ။ တစ်ဆိုင်လုံးပြာကျသွားပါတယ်။ ပြီးတော့ သူ့သားလည်း သေသွားခဲ့ပါတယ်” ဟု မဟာမုနိ ဘုရားကြီးအနီးမှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အနီးအနားမှ လူများ၏ အကူအညီကြောင့် လက်ရှိတွင် မီးငြိမ်းသွားပြီဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ