Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မနွယ်သန္တာဝင်အမှုတွင် တရားခံကို သေဒဏ်ချမှတ်

Arakan Bay News-ABN

စစ်တွေမြို့တွင် သတ်ဖြတ်ခံခဲ့ရသည့် မနွယ်သန္တာဝင်း အမှုတွင် ကျူးလွန်သူ တရားခံကို ရက္ခိုင့်ပြည်သူ့အစိုးရ၏ ဒေသအဆင့်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ကျူးလွန်သူ တရားခံ အဖ ဦး ထွန်းကျော် ၏သား ဦးမျိုးမြင့်ဇော် အသက် ၃၄ နှစ်အား ရက္ခိုင့်ပြည်သူ့အစိုးရ၏ ဒေသအဆင့်တရားရုံးက ယနေ့ နံနက် ၁၀ နာရီကျော်ခန့်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁) (ဂ) အရ ကြိုးကွင်းစွပ် သေဒဏ်ချမှတ်လိုက်ကြောင်း ပြောသည်။

“ဟုတ်ပါတယ် စစ်တွေမြို့ Luminous လျှပ်စစ်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်က အရောင်းစာရေးမ ဝန်ထမ်းဖြစ်သူ မနွယ်သန္တာဝင်း သေဆုံးမှုနှင့် ပတ်သက်တဲ့ အမှုကို ယနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက် ၁၀ နာရီကျော်မှာ ရက္ခိုင့်ပြည်သူ့အစိုးရရဲ့ ဒေသအဆင့်တရားရုံးက အပြီးသတ်အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ ပြစ်ဒဏ်ကတော့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ သေဒဏ်ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ABNကို ပြောသည်။

သို့သော်လည်း တရားခံ ဦးမြင့်ဇော်ကို တရားရုံးချုပ်သို့ ဥပဒေနှင့်အညီ အယူခံဆက်လက်တင်နိုင်ရန် အခွင့်အရေးပေးထားကြောင်း ဆက်ပြောသည်။

“သို့သော်လည်း တရားခံကို တရားရုံးချုပ်သို့ ဥပဒေနှင့်အညီ အယူခံဆက်တက်နိုင်ဖို့အတွက် အခွင့်အရေးပေးထားပါတယ်” ဟုဆိုသည်။

မနွယ်သန္တာဝင်းမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က Luminous လျှပ်စစ်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်တွင် ဝန်ထမ်းနေစဥ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး တရားခံ ဦးမျိုးမြင့်ဇော်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလက စတင်ပြီး ရက္ခိုင့်ပြည်သူ့အစိုးရ၏ ဒေသအဆင့်တရားရုံးတွင် စတင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မနွယ်သန္တာဝင်အမှုတွင် တရားခံကို သေဒဏ်ချမှတ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ