Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် တရားစွဲခံထားရသည့် ဓာတ်ပုံဆရာ ဦးစောမိုးကျော်အပါဝင် အရပ်သား ၇ ဦးအား ကျောက်တော်တွင် ဒုတိယအကြိမ်ရုံးထုတ်

ABN-ထက်မြတ်ခင်

စစ်ကောင်စီမှ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့်တရားစွဲခံထားရသည့် ဓာတ်ပုံဆရာ ဦးစောမိုးကျော် အပါအဝင် အရပ်သား ၇ဦးအား ယနေ့ဇန်နဝါရီလ ၉ရက်နေ့ နံနက် ၁၀နာရီခွဲအချိန်က ရခိုင်ပြည် ကျောက်တော်မြို့နယ် တရားရုံးတွင် ဒုတိယအကြိမ်ရုံးထုတ်ခဲ့ကြောင်း ခိုင်မာသည့်သတင်းအရင်းမြစ် ပြောကြားချက်အရသိရသည်။

“ကျောက်တော်တရားရုံးမှာ ရုံးထုတ်တာကတော့ ဒုတိယအကြိမ်ပါ နံနက် ၁၀နာရီခွဲအချိန်ကပါ မိသားစုဝင်တွေကတော့ ရောက်တဲ့သူတွေလည်းရှိတယ် မရောက်တဲ့သူတွေလည်းရှိပါတယ် အားလုံးတော့မရောက်ကြပါဘူး” ဟုပြောသည်။

ယနေ့ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သူများမှာ မင်းပြားမြို့မှ ဓာတ်ပုံဆရာ ဦးစောမိုးကျော်၊ ကျောက်တော်မြို့နယ်၊ ဝပြန်ကျေးရွာမှ မောင်သန်းဌေး၊ မောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာမှ ဦးသန်းစိုး၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာမှ ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်မှ မောင်မျိုးကိုနှင့်မြောက်ဦးမြို့ မဟိံဂျီရပ်ကွက်မှ မောင်ကျော်မောင်လင်း တို့ဖြစ်ကြောင်းသိရသည်။

၎င်းတို ၇ဦးအား AAနှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က တရားလိုလုပ်ကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့်တရားစွဲထားခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂ရက်နေ့က ပထမအကြိမ်ရုံးထုတ်စစ်ဆေးခဲ့သည်ဟုသိရသည်။

မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် တရားစွဲခံထားရသည့် ဓာတ်ပုံဆရာ ဦးစောမိုးကျော်အပါဝင် အရပ်သား ၇ ဦးအား ကျောက်တော်တွင် ဒုတိယအကြိမ်ရုံးထုတ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ