Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မတရားသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) နှင့် တရားစွဲခံထားရသည့် ပြည်သူ ၉ ဦးကို၊ ၁၅ကြိမ်မြောက် ရုံးထုတ် စစ်ဆေး

မတရားသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) နှင့် တရားစွဲခံထားရသည့် ပြည်သူ ၉ ဦးကို၊ ၁၅ကြိမ်မြောက် ရုံးထုတ် စစ်ဆေး

ABN-ရှိုင်းမိုး

ကျောက်တော်မြို့နယ်တရားရုံးတွင် ယမန့်နေ နံနက် ၁၀ နာရီကျော်အချိန်တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည့် ပြည်သူ ၉ ဦးထဲမှ ၁ဦးကိုရုံးထုတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

၁၇(၁)နှင့် တရားစွဲခံထားရသူများမှာ မင်းပြားမြို့နယ်မှ အပျော်တမ်း ဓာတ်ပုံ ဆရာ ဦးစိုးမိုးကျော်၊ ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်း၊ ကျောက်တော်မြို့နယ် သရက်တပင်ရွာမှ ဦးမောင်စောသာ၊ ဝပြန်ရွာမှ ကိုမောင်သန်းဌေးနှင့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရို့ပြင်ရွာမှ ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာမှ ကိုမျိုးဦး၊ မြေပုံမြို့နယ်အငူ ရွာသစ်မှ ကိုမောင်ချေ(ခ)မောင်မျိုးကိုနှင့် မြောက်ဦးမြို့၊ မဟိန်ဂျီ ရပ်ကွက်မှ ကို ကျော်မောင်လင်း တို့ ဖြစ်ကြသည်။

ထိုအထဲမှ ကျောက်တော်မြို့နယ် ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်းနှင့် ဦးမောင်စိုးသာတို့၏ သက်သေများကိုစစ်ဆေးခဲ့ပြီး၊ တခြားသူများမှာ သက်သေမရောက်သောကြောင့်စစ်ဆေးခြင်းပြုလုပ်ခြင်းမရှိကြောင်းသိရသည်။

“သူတို့ ၉ ဦးကိုအတူရုံးထုတ်ပါတယ်၊ ဒါပေမယ့် ဦးကျော်ဟိန်းနှင့် ဦးမောင်စိုးသာတို့သက်သေတွေကိုသာစစ်ဆေးပါတယ်၊ တခြားလူတွေက သက်သေမရောက်လို့မစစ်ဆေးခဲ့ရပါ၊ သူတို့ ၂ဦးအတွက် သရက်တပင်ရွာက အုပ်ချုပ်ရေးမှူး ကိုစစ်ဆေးပါတယ်” ဟုအမှုနီးစပ်သူတစ်ဦးကပြောသည်။

ရုံးထုတ်ကို မမှီလိုက်သည့်အတွက် မည်သည့်အကြောင်းအရာများကို စစ်ဆေးခဲ့သည်ကိုမူ မသိကြောင်း စစ်ဘေးရှောင် ဦးကျော်ဟိန်း၏ဇနီးကပြောသည်။

“စစ်ဆေးတယ်လို့ပြောပါတယ်၊ ကျွန်မလဲမသိပါဘူး၊ ကျွန်မရုံးကိုရောက်သွားတဲ့အချိန်က ရုံးထုတ်ပြီးပါပြီ၊ ကျွန်မယောက်ကျားနှင့်လည်းမတွေ့ခဲ့ပါဘူး၊ ဒါကြောင့် ဘာတွေစစ်လဲမသိပါဘူး” ဟုပြောသည်။

သူတို့ ၉ ဦးသည် ပြီးခဲ့သည့် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တကျော့ပြန်တိုက်ပွဲကာလအတွင်း ကျောက်တော်အခြေစိုက် စကစ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခံရသူများဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟု မတရားစွပ်စွဲကာ ပုဒ်မ ၁၇ (၁) ဖြင့် ကျောက်တော်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ