Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား အောင်မြေကုန်းဆရာတော်ပြန်လွတ်လာ၊ စစ်ကောင်စီတပ်မှ လူဝတ်လဲ ရိုက်နှက်စစ်ဆေးခြင်းခံခဲ့ရဟုသိရ

မင်းပြားမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခံခဲ့ရသော အောင်မြေကုန်းဆရာတော်အား စစ်ဆေးမှုအတွင်း လူဝတ်လဲ ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကာ ဆရာတော်မှာ ပြန်လွတ်ရန်အတွက် ငွေကျပ်သိန်း ၅၀ လည်းပေးခဲ့ရကြောင်းအတည်မပြုနိုင်သေးသည့် သတင်းရင်းမြစ်များအရ သိရသည်။

ဆရာတော်မှာ ယမန့်နေ့ နိုဝင်ဘာလ ၂၁ ရက် နံနက် ၆ နာရီဝန်းကျင်က ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

အောင်မြေကုန်းဆရာတော် ဦးဝရမဉ္ဇူမှာ အခြားစီးပွားရေးလုပ်ငန်းရှင်နှစ်ဦးနှင့် အတူ နိုဝင်ဘာ ၁၁ ရက်နေ့က မင်ပြားမြို့ အခြေစိုက် ခမရ ၃၇၉ မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

“ဆရာတော်ကို လူဝတ်လဲပြီး ရိုက်နှက်မေးမြန်းတာတွေလုပ်ခဲ့တယ်လို့ကြားတယ်၊ ပြီးတော့ ပြန်လွတ်ဖို့ ပိုက်ဆံ သိန်း ၅၀ လည်း ပေးခဲ့ရတယ်လို့သိရတယ် အတိအကျတော့ မသိရသေးဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ABN ကိုပြောသည်။

အောင်မြေကုန်းရာတော်အား ABN မှ ဆက်သွယ်ရန် ကြိုးစားနေသော်လည်း ဖုန်းဆက်သွယ်၍မရသေးပေး။

ယမန်နေ့ ညနေ ၆ နာရီခန့်က ဝင်တိုးရွှေဆိုင်ပိုင်ရှင် ဦးကျော်နုမောင်မှာလည်း ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၎င်းတို့အား စစ်ကာင်စီတပ်မှ ဆယ်ရက်ကြာ ဖမ်းဆီး နှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့သော်လည်း သူတို့နှင့်အတူ တစ်ရက်တည်းတွင် ဖမ်းဆီးခံခဲ့ရသည့် ငွေပိုင်ထွန်း ဟိုတယ်ပိုင်ရှင် ဦးမောင်ထွန်းသိန်းမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ