Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား အထက် ငှက်ပျောချောင်းရွာတွင် ပထမအကြိမ်မြောက် နံ့သာသွေးပြိုင်ပွဲကျင်းပမည်ဟုသိရ

မင်းပြား အထက် ငှက်ပျောချောင်းရွာတွင် ပထမအကြိမ်မြောက် နံ့သာသွေးပြိုင်ပွဲကျင်းပမည်ဟုသိရ

ABN-ရှိုင်းမိုး

ရခိုင်ပြည် မင်းပြားမြို့နယ် ၊ အထက်ငှက်ပျောချောင်းရွာတွင် သုခကာရီ လူငယ်အသင်းမှ ဦးဆောင်၍ ပထမ အကြိမ်မြောက် ရက္ခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲပြုလုပ် ကျင်းပသွားမည်ဟုသိရသည်။

ထိုပြိုင်ပွဲကို အထက်ငှက်ပျောချောင်းရွာ သာသနာ့ဓမ္မရောင်ခြည် ကျောင်းတိုက်၊ ဓမ္မာရုံအတွင်း ဧပြီလ ၁၂ရက် နေ့လည် ၁၂နာရီအချိန်မှစ၍ စတင်ကျင်းပမည်​ဖြစ်ကြောင်းသိရသည်။

ထိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးများမှာ တဖွဲ့လျှင် ၅ယောက် ပါဝင်ရမည်ဟု သိရသည်။

ထို့အတူ ရခိုင်ပြည်တွင်း သင်္ကြန်ကာလ၌ နံ့သာသွေးပြိုင်ပွဲကို ရိုးရာအဖြစ် သင်္ကြန်အကြိုနေ့တွင် ပြုလုပ်လေ့ရှိကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ