Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား တိုင်းဗဟို (၉)မှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံကြား

ရခိုင်ပြည် မင်းပြားမြို့နယ် တိုင်းဗဟို (၉) မှ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခဲ့ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၈ရက်နေ့ မနက် ၈နာရီ ၄၅မိနစ်ကစပြီး ၁၁ နာရီထိ လက်နက်ကြီး၊ လက်နက်ငယ်များ ၃ နာရီ နီးပါး တိုင်းဗဟို (၉) ၏ အရှေ့ဖက်တောင်တန်းဖက်ကို ပစ်ခတ်ခဲ့ကြောင်းသိရသည်။

” ၈နာရီကျော်လောက်က စပစ်တာပါ၊ လက်နက်ကြီး အကြိမ်ရေ ၁၀ ကျော်လောက်ပစ်ပါတယ်၊ လက်နက်ငယ်ကတော့ ၇ နာရီ ၄၅ မိနစ်လောက်ကပစ်ပါတယ်၊ လက်နက်ငယ်ကတော့ အဆက်မပြတ်ပစ်တာပါ” ဟု ဒေသခံတစ်ဦးမှပြောသည်။

ဒီနေ့ မနက် ၆ နာရီကျော်လောက်က မင်းပြားမှ မြောက်ဦး ဖက်သို့ စစ်ကောင်စီတပ်မှ စစ်ကား ၁၆ စီးဖြင့် ရိက္ခာများပို့နေကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့က စပြီး စစ်ရေးတင်းမာနေသည့် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပြီး ပထမဆုံးအကြိမ် ရခိုင်တွင် လက်နက်ပစ်သံများ ကြားရခြင်း ဖြစ်သည်။

ဓာတ်ပုံ-မင်းပြားမှ မြောက်ဦးသို့ ရိက္ခာနှင့် စစ်သားများ ပို့နေသည့် စစ်ကောင်စီတပ်ကား/ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ