Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား စစ်ကောင်စီ တိုင်းဗဟို (၉) ဌာနမှလက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်

မင်းပြား စစ်ကောင်စီ တိုင်းဗဟို (၉) ဌာနမှလက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်

ABN-ရှိုင်းမိုး

အောက်တိုဘာ ၂၀ရက်

မင်းပြားမြို့ စစ်ကောင်စီ တိုင်းဗဟို (၉) စစ်ဌာနမှ ယနေ့နံနက် ၇ နာရီကျော်အချိန်မှစ၍ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများပြောကြားချက်အရသိရသည်။

အဆိုပါ လက်နက်ကြီးပစ်ချိန်သည် ယနေ့ နံနက် ၇နာရီအချိန်မှစ၍ ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

” ဒီနေ့ ၇ နာရီကျော်ကစပြီးပစ်နေတာပါ၊ ၁၀ချက်လောက်ရှိပါပြီ၊ မနေ့ကလည်း တစ်နေ့လုံးပစ်ပါတယ်” ဟုဆိုသည်။

စစ်ကောင်စီ၏ တိုင်းဗဟို (၉) စစ်ဌာနသည် မင်းပြားမြို့နယ် ကမ်းနီ၊ မေလွမ်းရွာ၏ အရှေ့ဘက်တောင်တန်းတွင် တပ်စွဲနေထိုင်သည်ဟုသိရှိရသည်။

စစ်ကောင်စီမှ အဆိုပါလက်နက်ကြီးပစ်ခတ်မှုသည် သင်တန်းဆင်းအထိန်းအမှတ်အဖြစ် ပစ်ခတ်ခဲ့သည်ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးကပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်လာမည့်အခြေနေသို့ရောက်ရှိလာသောကြောင့် အခုလိုလက်နက်ကြီးပစ်ခတ်မှုသည် ပြည်သူကိုခြိမ်ခြောက်နေခြင်းဖြစ်သည်ဟု မေးလွမ်းရွာသားတစ်ဦးကပြောသည်။

“မနေ့ကလည်း ပစ်ပါတယ်၊ ၄နာရီလောက်ပစ်ခဲ့ပါတယ်၊ လက်နက်ကြီးပစ်တာပါ၊ သင်တန်းဆင်းလို့ပစ်ရင်တောင် တစ်နေ့လုံးပစ်စရာမလိုဘူးထင်တယ်၊ မနေ့က တနေကုန်ပစ်တယ်လို့ပြောလို့ရတယ်၊ ဒါက ပြည်သူကိုခြိမ်ခြောက်နေတာနဲ့တူတယ်” ဟုဆိုသည်။

လက်ရှိရခိုင်ပြည်၏ စစ်ရေးအခြေနေသည် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့သည် အချိန်မရွှေးတိုက်ပွဲဖြစ်လာနိုင်သည့်အနေအထားသို့ရောက်ရှိနေသည်ဟု ကမ်းနီရွာသားတစ်ဦးကပြောသည်။

စစ်ကောင်စီ တိုင်းဗဟို (၉) ဌာနမှ စစ်ကောင်စီတပ်သားတို့သည် မကြာမကြာ လက်နက်ကြီးများပစ်ခတ်လေ့ရှိကြောင်းသိရသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုအခြေအနေကို ရက္ခိုင့်တပ်တော်မှစောင့်ကြည့်နေပြီး ရခိုင်ပြည်အတွင်း တိုက်ပွဲသည်လည်း စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားနေမှုအပေါ်မူတည်သည်ဟု ရက္ခိုင့်တပ်တော်၏ ပြန်ပြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများလာပါက တိုက်ပွဲအချိန်မရွေး ဖြစ်လာနိုင်ကြောင်း ရက္ခိုင့်တပ်တော်၏ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကမီဒီယာများသို့ဖြေကြားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ