Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား စစ်ကောင်စီ တိုင်းဗဟို ၉ မှ လက်နက်ကြီး လက်နက်ငယ်များ ၂ ရက်ဆက်တိုက် ပစ်ခတ်နေ

မင်းပြား စစ်ကောင်စီ တိုင်းဗဟို ၉ မှ လက်နက်ကြီး လက်နက်ငယ်များ ၂ ရက်ဆက်တိုက် ပစ်ခတ်နေ

ABN-ရှိုင်းမိုး

ဇွန် ၈ရက်

ရခိုင်ပြည် မင်းပြားမြို့နယ် မေလွမ်းရွာအနီးတွင် စစ်ကောင်စီ တိုင်းဗဟို ၉ ဌာနမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ၂ ရက်ဆက်တိုက် ပစ်ခတ်နေသည်ဟုသိရသည်။

ယနေ့ နံနက် ၇နာရီမှ ၁၀ နာရီထိ လက်နက်ကြီးပစ်ခတ်နေပြီး၊ ယမန်နေ့ နံနက် ၈နာရီမှ ၁၀ နာရီထိ လက်နက်ငယ်များ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း မေလွမ်းရွာသား ၁ ဦးက အတည်ပြုပြောသည်။

” မနေ့က ၈နာရီ လောက်ကနေ့ ၁၀ နာရီထိ လက်နက်ငယ်နဲ့ပစ်ပါတယ်၊ ဒီနေ့လည်း မနက် ၇နာရီကနေ ၁၀ နာရီထိ လက်နက်ကြီးနဲ့ ထပ်ပစ်ပါတယ်” ဟု မေလွမ်းရွာသားတစ်ဦးမှပါသည်။

မင်းပြား တိုင်းဗဟို ၉ ဌာနမှာ စစ်ကောင်စီတပ်၏ စစ်ရေး လေ့ကျင့်သည့် နေရာတစ်ခုဖြစ်ပြီး လက်နက်ငယ်၊ လက်နက်ကြီး ပစ်ခတ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်ကိုတွေ့ရသည်။

၂ ရက်ဆက်တိုက် လက်နက်ကြီး/ ငယ် ပစ်ခတ်ခြင်းမှာလည်း စစ်သင်တန်းဆင်းပွဲရှိသည့်အတွက် ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

ယခုကိစ္စနှင့်ပတ်သက်၍ စစ်ဖက်ဆိုင်ရာ ပြောခွင့်ရ နယ်လုံဝန်ကြီးကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပါ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ