Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား စကစ တိုင်းဗဟို ၉ မှလက်နက်ကြီး၊ လက်နက်ငယ်များ ထပ်မံပစ်ခတ်

ရခိုင်ပြည် မင်းပြားမြို့ စစ်ကောင်စီတပ် တိုင်းဗဟို ၉ မျှ ယနေ့မနက် ၇ နာရီကျော်မှ ၈ နာရီကျော်ထိ ၁ နာရီနီးပါး လက်နက်ကြီး လက်နက်ငယ်များ ပစ်ဖောက်ခဲ့ကြောင်း မင်းပြားမြို့ ဒေသခံများက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၂၀ရက်နေ့ နံနက် ၇နာရီ ၅၇ မိနစ်ကစပြီး ၈နာရီအကျော်အထိ မင်းပြား တိုင်းဗဟို ၉မှ အရှေ့ဖက်တောင်းတန်းများသို့ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးမှ ABNကိုပြောသည်။

“ဟုတ်ပါတယ် သူတို့လက်နက်ကြီး၊ လက်နက်ငယ် စပြီးပစ်ခတ်ချိန်ကတော့ ၇ နာရီ ၅၇မိနစ်ကစပြီး ၈နာရီ ၃၅ မိနစ်အချိန်ထိ အချက် ၃၀ကျော်လောက်ရှိမယ်ဟု” ပြောသည်။

ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတို့ကြား အလွတ်သဘော ယာယီအပစ်အခတ်ရပ်စဲပြီးနောက် မင်းပြားတိုင်း ဗဟို၉ မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဒုတိယအကြိမ်ပစ်ခတ်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း ထိုမင်းပြားတိုင်းဗဟို ၉ မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၃နာရီးနီးပါးကြာ ပစ်ခတ်ခဲ့သည်။

ထိုသို့ တိုင်းဗဟို ၉ မှ လက်နက်များ ပစ်ဖောက်ခြင်းမှာ သင်တန်းဆင်းပွဲရှိ၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း အတည်မပြုနိုင်သည့် သတင်းများအရ စုံစမ်းသိရှိရသည်။

မင်းပြား စကစ တိုင်းဗဟို ၉ မှလက်နက်ကြီး၊ လက်နက်ငယ်များ ထပ်မံပစ်ခတ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ