Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား ကျိန်းတောင်ထက်မှ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်နေ

မင်းပြား ကျိန်းတောင်ထက်မှ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်နေ

AB News – နိုဝင်ဘာ ၁၃၊ ၂၀၂၃

ရခိုင်ပြည်၊ ​မင်းပြားမြို့ရှိ ကျိန်းတောင်တွင် တပ်စွဲထားသည့်စကစ တပ်ရင်းမှ လက်နက်ကြီးများဖြင့် လှမ်းပစ်နေကြောင်း ဒေသခံများကပြောသည်။

၎င်းတို့သည် ၇ နာရီ ၃၅ မိနစ်ခန့်က လက်နက်ကြီးများအပါအဝင် လက်နက်ငယ်တစ်ချို့ပစ်ခတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက AB News သို့ပြောသည်။

” ၇နာရီလောက်က ပစ်ပါတယ်၊ လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခဲ့တယ်၊ ရွာတွေဖက်မှာကျလားတော့ မသိဘူး” ဟု ဆိုသည်။

မင်ပြားကျိန်းတောင်မှ ပစ်ခတ်သောလက်နက်ကြီးကျည်များ ငစရိုင်းချောင်းကျွန်းပေါ်သို့ ကျသံကြားသည်ဟု ဒေသခံများထံမှ သိရသည်။

လက်ရှိ သတင်းရေးနေသည့် ညိည့် ၉ နာရီကလည်း လက်နက်ကြီး ပစ်ခတ်သံများ အဆက်မပြတ် ကြားနေရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများသို့ ဦးတည်ပစ်ခတ်လာမည်ကို ပြည်သူများ စိုးရိမ်လျက်ရှိကြောင်း တွေ့ရသည်။

ထို့အပြင် ရွာသူ/ရွာသားတစ်ချို့သည် အထုတ်အပိုးများထမ်းပြီး ဘုန်းတော်ကြီး၊ စာသင်ကျောင်းများအတွင်း ခိုလှုံနေထိုင်ကြကြောင်း သိရသည်။

ယနေ့ည ၇ နာရီကျော်ကလည်း ပုဏ္ဏားကျွန်းမြို့ပေါ် မှ လက်ငယ်သံ များထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ