Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား ကျိန်းတောင်တွင် စစ်ကောင်စီထောင်ထားသည့်မိုင်းကို နင်းမိပြီး အမျိုးသား ၁ ဦး ခြေတစ်ဖက်ပြတ်ထွက်

မင်းပြား ကျိန်းတောင်တွင် စစ်ကောင်စီထောင်ထားသည့်မိုင်းကို နင်းမိပြီး အမျိုးသား ၁ ဦး ခြေတစ်ဖက်ပြတ်ထွက်

AB News – မတ်လ ၃၀၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ် ကျိန်းတောင်အဆင်းတွင် စစ်ကောင်စီ ထောင်ထားသည့် မိုင်းကိုနင်းမိပြီး အမျိုးသား ၁ ဦး ခြေတစ်ဖက်ပြတ်ထွက် သွားကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူမှာ မင်းပြားမြို့နယ် နဒင်ရွာဟောင်းမှ အဖ ဦးသန်းထွန်းမောင်၏သား အသက် ၂၃ နှစ်အရွယ် ဦးသန်းနိုင်ဖြစ်သည်။

၎င်းသည် ယနေ့ မတ်လ ၃၀ ရက်၊ နံနက် ၉ နာရီ ၅၈ မိနစ်တွင် ကျိန်းတောင်မှ အဆင်းတွင် မိုင်းနင်းမိခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“သူက ကျိန်းတောင်ကဆင်းကလာတဲ့အခါ မစင်စွန့်ဖို့ဆိုပြီး တောထဲဝင်သွားတယ်။ အဲဒီမှာ စစ်ကောင်စီက ထောင်ထားခဲ့တဲ့မိုင်းကိုနင်းမိပြီး ခြေတစ်ဖက်ပြတ်သွားတယ်” ဟု ဆိုသည်။

ဦးသန်းနိုင်မှာ ညာဖက်ခြေမျက်စိအောက်ပိုင်းအထိ ပြတ်ထွက်သွားခဲ့သည့်အတွက် နီးစပ်ရာ ဆေးခန်းသို့ ပို့ထားကြောင်း သိရသည်။

ထို့အပြင် ယနေ့ မတ်လ ၃၀ ရက်၊ နံနက်ပိုင်း ၇ နာရီကျော် တွင် ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ် ဝတ်ဆံထောင့်မှ ဦးကိုဝင်းသည် ဒိုးတန်းတောင်သို့ ပိန္နဲသီး ခူးရန်သွားစဥ် စစ်ကောင်စီထောင်ထားသည့်မိုင်းကိုနင်းမိပြီး ခြေတစ်ဖက်ပြတ်ထွက် သွားခဲ့ကြောင်း သိရသည်။

မင်းပြားမြို့ ကျိန်းတောင် ဘုရားကုန်းပေါ်တွင် စစ်ကောင်စီအဖွဲ့ လက်နက်ကြီးတပ်ချပြီး ၂၀၂၀ ခုနှစ်လောက်ပင် စခန်းချ နေထိုင်ခဲ့သည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီ၏ စွန့်လွှတ်နယ်စခန်းကုန်းများနှင့် တောင်တောင်များတွင် စစ်ကြွင်း စစ်ကျန်မိုင်းများ ပေါက်ကွဲ ပြီး ဒေသခံပြည်သူများ နေ့စဥ်ရက်ဆက် သေဆုံးမှု၊ ဒဏ်ရာရရှိမှုများ တိုးလာနေကြောင်း တွေ့ရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ