Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားအခြေစိုက် စခန်းကုန်းအားလုံးကို AA ဝင်တိုက်၍ ၃၈၀ တပ်ရင်းနှင့် ၁၄၄ ကုန်းကို သိမ်းပိုက်ထား၊

( စစ်ကောင်စီက ရဟတ်ယာဥ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်နေ )

AB News – ဇန်နဝါရီ ၁၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားအခြေစိုက် စခန်းကုန်းအားလုံးကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင် ဝင်ရောက် တိုက်ခိုက်နေပြီး ၃၈၀ တပ်ရင်းနှင့် ၁၄၄ စခန်းကုန်းများကို သိမ်းပိုက်ထားသည့်အတွက်   စစ်ကောင်စီမှ MI-35 တိုက်ခိုက်ရေးရဟတ်ယာဥ် နှင့် Y-12 စစ်ထောက်ပိုလေယာဥ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

မင်ပြားအခြေစိုက် စခန်းကုန်းများမှ သင်္ချိုင်းတောင်တန်းကုန်းများ၊ င/စရိုင်းချောင်းတောင်တန်းများ၊ ၁၄၄ ကုန်း၊ ၅၄၁ တပ်ရင်း၊ ၃၇၉ တပ်ရင်း၊ ၃၈၀ တပ်ရင်းများဖြစ်သည်။

၎င်းထဲမှ ၃၈၀ တပ်ရင်းနှင့် ၁၄၄ ကုန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ထားရာ အကြမ်းဖက်စစ်ကောင်စီအဖွဲက စခန်းကုန်းများမကျဆုံးစေရေးအတွက် လေကြောင်းဖြင့် ပစ်ကူပေးနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၆ နာရီကျော်တွင် ရက္ခိုင့်တပ်တော်ကဝင်သိမ်းစဥ်အတွင်း စစ်ကောင်စီအဖွဲက လေတပ်ကိုအသုံးပြုပြီး တိုက်ခိုက်နေသည့်အတွက် ဒေသခံပြည်သူများလည်း ဗုံးခိုကျင်းများတွင် ဝပ်နေရသည် ဟု အမျိုးသမီးတစ်ဦး က AB News သိုပြောသည်။

“ဒီနေ့ကတိုက်ပွဲ အရမ်းပြင်းပါတယ်၊ AAကလည်း မင်းပြားမြိုထဲက တပ်ရင်းတွေနဲ့ ရာမောင်ဘက်တောင်ကုန်းတွေကို တစ်ပြိုင်နက်တည်း ဝင်သိမ်းနေတယ်၊ လေယာဥ်တွေက ဗုံးကြဲချတော့ ကျမတိုလည်း ပုန်းခိုနေရတယ်” ဟုဆိုသည်။

လက်ရှိတွင် ၂ဖက်စစ်ရေးပြင်းထန်လျက်ရှိပြီး ဒေသခံပြည်သူများလည်း အထုတ်အပိုးများထမ်းပြီး အသက်လုထွက်ပြေးနေရကာ စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေရသည် ဟု သိရသည်။

ရက္ခိုင်ပြည်တွင်းရှိအကြမ်းစစ်ကောင်စီအဖွဲသည် မိုက်ရူးရဲဆန်စွာ လက်နက်ကြီး၊ လက်နက်ငယ်၊ အတွဲလိုက် ဒုံးများဖြင့် ပြည်သူများကို တရစပ်ပစ်ခတ်နေလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ