Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့ အောက်ရွာပိုင်းရပ်ကွက်တွင် သောက်သုံးရေကန်ကြီးများခမ်းခြောက်လာသောကြောင့် ရေအခက်ခဲတွေ့မည်ကိုစိုးရိမ်နေကြ

မင်းပြားမြို့ အောက်ရွာပိုင်းရပ်ကွက်တွင် သောက်သုံးရေကန်ကြီးများခမ်းခြောက်လာသောကြောင့် ရေအခက်ခဲတွေ့မည်ကိုစိုးရိမ်နေကြ

ABN-ရှိုင်းမိုး

မင်းပြားမြို့အောက်ရွာပိုင်းရပ်ကွက်တွင် သောက်‌သုံးရေကန်ကြီးများခမ်းခြောက်လာသောကြောင့် ရေအခက်တွေ့မည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း ပြောသည်။

မင်းပြားမြို့အောက်ရွာပိုင်းရပ်ကွက်တွင် သောက်ရေကန် ၁ကန်၊ သုံးရေကန် ၁ကန်ရှိပြီး၊ ထိုကန်မှ ရေကို သုံးစွဲကြသများမှာ အောက်ရွာပိုင်ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ပြည်‌တော်လှရပ်ကွက်၊ ဂြမ်းမရွာများမှ သောက်သုံးကြသည်ဟုသိရသည်။

ထိုကန် ၂ကန်တွင် ရေခမ်းခြောက်လာပြီးဖြစ်သောကြောင့် ရေခတ်သည့်အချိန်ကို ကန့်သတ်ထားရသည်ဟုသိရသည်။

ထိုကန်မှရေကို နံနက် နာရီဝက်၊ နေ့လည် နာရီဝက်၊ ညနေ နာရီဝက် ကန့်သတ်ထားရသည်ဟု အောက်ရွာပိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ဘုချေမှပြောသည်။

“ရေကန်က ၂ကန်ပါ၊ သောက်‌ရေ ၁ကန်၊ သုံးရေ ၁ကန်ပါ၊ အဲဒီကန်က ရေတွေကို ၃ရပ်ကွက်လုံးက သောက်သုံးနေကြတာပါ၊ ရေက တနေ့ထက်တနေ့ ခမ်းလာပါပြီး၊ ရေခတ်တာကိုတောင် အချိန်သတ်မှတ်ပေးထားရတဲ့အခြေနေရှိနေပါပြီး” ဟုဆိုသည်။

အောက်ရွာပိုင်းရပ်ကွက်တွင် ယခင်နှစ်များက ကန်ရေမခမ်းခြောက်သောကြောင့် သင်္ကြန်မဏ္ဏိုပ်ပြုလုပ်ကျင်ပနိုင်ခဲ့သော်လည်း ယခုနှစ် ရေအခက်ခဲကြောင့် နှစ်စဥ်ကျင်းပလေ့ရှိသည့်ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍာပ်ကိုယခုနှစ်တွင် တားမြစ်ထားရသည်ဟု သိရသည်။

“အရင်နှစ်တွေကဆိုရင် မဏ္ဍာပ်ချဖြစ်ပါတယ်၊ ဒီနှစ်တော့မချဖြစ်ပါဘူး၊ ကန်ရေကလည်း ဒီနှစ်စခမ်းတာပါ၊ ဘာလို့လည်းဆိုတော့ ဒီနှစ်က မိုးခေါင်ပါတယ်၊ ကန်ရေမပြည့်လိုက်ပါဘူး၊ ဒါကြောင့် ဒီနှစ်ရေဘေးသင့်ဖို့အခြေနေရှိနိုင်တယ်၊ မိုးရွာနောက်ကျရင် ရေအခက်ခဲဖြစ်နိုင်ပါတယ်” ဟု၎င်းကဆိုသည်။

လက်ရှိရခိုင်ပြည်တွင်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်လည်း ကန်ရေခမ်းခြောက်မှုများကြောင့် ရေအခက်အခဲဖြစ်နေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ