Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့ ခမရ ၃၇၉ တပ်ရင်းမှ အင်အား ၆၀ပါ စစ်ကြောင်း ရာမောင်တံတားဖက်သို့ ဦးတည်ထွက်ခွာ

ရခိုင်ပြည်၊ မင်းပြားမြိုတွင် အခြေချတပ်စွဲထားသည့် ခမရ ၃၇၉ တပ်ရင်းမှ အင်အား ၆၀ ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ယနေ့ မနက် ၈ နာရီခန့်မှ စတင်ပြီး ရာမောင်တံတားဖက်သို့ ဦးတည် ပြီးထွက်သွားကြောင်း ဒေသခံများမှ သိရသည်။

ထိုအင်အား ၆၀ ပါစစ်ကြောင်းသည် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ရာမောင်တံတားဖက်သို့ ထွက်သွားခြင်းဖြစ်သည်ဟု မျက်မြင်ဒေသခံတစ်ဦးကပြောသည်။

”စကစတပ်သားတွေ ရာမောင်ဖက်သို့စစ်ကြောင်းထွက်သွားတယ်။ လက်နက်ခဲယမ်းအပြည့် နဲ့ အထုတ်အပိုးတွေ လည်းပါတယ်။ လူအင်အား ၆၀ လောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ ၃၇၉ တပ်ရင်းက ထွက်သွားတာ ဖြစ်ဖို့များပါတယ်။ အတိအကျတော့ မသိနိုင်သေးဘူး ” ဟု ABN ကိုပြောဆိုသည်။

ယခုလို လက်နက်ခဲယမ်းအပြည့်အစုံ အင်အားအများဖြင့် ထွက်ခွာသွားခြင်းမှာ စခန်းပြောင်းခြင်း ဟုတ် မဟုတ်ကိုမူ မသိရသေးဘဲ၊ ဒေသခံရွာသားများမှာမူ စစ်ကြောင်း ထွက်လာသံကြားရသောကြောင့် ရပ်ရွာများအတွင်း ဝင်ရောက် စစ်ဆေး ဖမ်းဆီးမည်ကို ကြောက်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ကလည်း မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဖက်မှ ကြည်း ရေ လေ အင်အားသုံးကာ လက်နက်ကြီးပစ်ကူများကြောင့် ကျားပိုက်ကေ ရွာမှ နွား ၁ ကောင် သေဆုံးကာ ၂ ကောင် ဒဏ်ရာရရှိခဲ့ပြီး၊ ကျားရဲပြင်ရွာမှ လူနေအိမ်များကို ကျည် ၄ ချက်ထိမှန်ခဲ့သောကြောင့် အိမ်အသုံးအဆောင်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ရသည်။

အောက်တိုဘာလ ၈ ရက်နေ့ကလည်း ကြပ်စင်တံတားပေါ်တွင် ယာယီအခြေချတပ်စွဲထားသော စကစတပ်သာများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လှမ်းပစ်ရာ မင်းပြားမြိုနယ် ဖလောင်းပြင်ရွာ၌ ကျရောက်ပေါက်ကွဲ၍ ကိုအောင်ဝင်းနှင့် ဦးသောင်းမောင်တို့ ကို လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရခဲ့သည်။

နိုဝင်ဘာ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာကို စစ်ကောင်စီတပ်မှ ဝင်ရောက်မွှေနှောက်ပြီး အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းတိအား ပစ်သတ် သွားခဲ့သည်။

ဓာတ်ပုံ-စစ်ကောင်စီစစ်ကြောင်း ပုံဟောင်း (VOA)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ