Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့၊ မင်းဖူးအရပ်ဘက်ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီဖွဲ့က ဗုံးကြဲတိုက်ခိုက်

(အဆိုပါ ဆေးရုံတွင် စစ်ကောင်စီသုံ့ပန်းများနှင့် သုံ့ပန်းမိသားစုများ ဆေးကုသမှုခံယူလျက်ရှိ)

AB News – ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးအရပ်ဘက်ဆေးရုံကို ယနေ့ ဖေဖော်ဝါရီလ ၂၇ နံနက် ၁နာရီ ၄၅မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လေကြောင်းအသုံးပြု လာရောက်ဗုံးကြဲတိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက်နေ့၊ နံနက် ၁နာရီ ၄၅မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ရှုံးမဲမဲကာ လူမျိုးရေးအမုန်းတရားများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်” ဟု ဖော်ပြထားသည်။

စစ်ကောင်စီအဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မင်းဘူးအရပ်ဘက်ဆေးရုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

စစ်ကောာင်စီ၏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး အပြစ်မဲ့အရပ်သူများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ဒဏ်ရာရမှုများလည်း ရှိသည်ဟု ထုတ်ပြန်ထားသည်။

အကြမ်ဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသစစ်မျက်နှာတွင် တပ်မ၊ တပ်ရင်း၊ ဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနှင့် တစ်မြို့ပြီးတစ်မြို့ကို လက်လွှတ်ဆုံးရှုံးနေရသည့်အတွက် ရှုံးမဲမဲကာ မြို့၊ ရပ်ရွာများရှိ အရပ်သားပြည်သူလူထုများနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ တိုက်တာအဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်လျှက်ရှိသည်။

ရက္ခိုင်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်တောမြို့မဆေးရုံ၊ ရမ်းဗြဲမြို့မဆေးရုံတို့မှာ အတိပျက်စီးခဲ့ရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ