Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ခံ အရပ်သား အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၂ဦး သေဆုံး

AB News – မတ်လ ၁၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့အတွင်း စစ်ကောင်စီ၏ Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယမန်နေ့ မတ်လ ၁၂ရက်၊ နံနက် ၁၀နာရီခန့်အချိန်တွင်  မြို့ခံ အရပ်သား အမျိုးသား ၁ဦးနှင့် အမျိုး ၂ဦး သေဆုံးခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးခဲ့သူများမှာ မင်းပြားမြို့ဈေးဟောင်းပိုင်းရပ်ကွက်မှ ကိုစိုးဉာဏ်လင်း ၃၄နှစ်၊ ဒေါ်ရွှေငြိမ်းသာ ၆၄နှစ်နှင့် ဒေါ်အေးချေ ၆၄နှစ်တို့ ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ယမန်နေ့ နံနက်ပိုင်းတွင် Jet Fighter ဖြင့် မင်းပြားမြို့အတွင်းရှိ မြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဈေးဟောင်းပိုင်းရပ်ကွက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့ခံများက အတည်ပြုပြောဆိုသည်။

ယမန်နေ့ မတ်လ ၁၂ရက်၊ နံနက် ၁၀နာရီခန့်အချိန်တွင် စစ်ကောင်စီ၏ Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းပြားမြို့မှ မြို့ခံ အမျိုးသား ၁ဦးနှင့် အမျိုး ၂ဦး သေဆုံးခဲ့သည်ဟု မြို့ခံ ၁ဦးက ပြောသည်။

“မြို့အတွင်းကို ဗုံး ၂လုံးကြဲခဲ့တယ်။ အိမ်တွေတောင် လှုပ်သွားတယ်။ အဲ့ဒီအချိန်က ဗုံးကြဲခံရတဲ့ နေရာကို မသိဘူး။ မနက်ရောက်မှ ဈေးဟောင်းပိုင်းရပ်ကွက် ဗုံးကြဲခံရပြီး ၃ဦး သေဆုံးခဲ့တယ်ဆိုတာ သိပါတယ်” ဟု ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်မှ နေအိမ်အချို့မီးလောင်ပျက်စီးခဲ့ရသည်။

မင်းပြားမြို့တွင် စစ်ကောင်စီ၏ ရေတပ်နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ပြီးခဲ့သည့် မတ်လ ၉ရက်နေ့တွင် မူဆလင်အမျိုးသမီး ၁ဦး သေဆုံးခဲ့သည်။

အဆိုပါနေ့တွင်ပင် အကြမ်းဖက်စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးလိုက်ရသည့် မင်းပြားမြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင်း ကင်းဆိပ်ကျေးရွာမှ Music Love KTV မှ အဆောက်အဦးအချို့ ပျက်စီးခဲ့ရသည်။

သုံးလနီးပါးတိုက်ပွဲအပြင် စစ်ကောင်စီမှ ထောင်ထားသော စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းအန္တရာယ်ကင်းစေရေးအတွက် မိုင်းရှင်းလင်းရေး အစီအစဉ်ကို ပြုလုပ်ရမည်ဖြစ်သောကြောင့် ဒေသခံများအနေဖြင့် မိမိနေအိမ်များသို့ ချက်ချင်းဝင်ရောက်မှုကို စောလျင်စွာ မပြုလုပ်ကြရန် ရက္ခိုင့်တပ်တော်က မေတ္တာရပ်ခံပန်ကြားထားသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ