Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ် ရွာပေါင်း ၂၀ ကျော်တွင် ရေထပ်တိုးလာကြောင်းသိရ

ABN-ရှိုင်းမိုး

သြဂုတ် ၈ရက်

သြဂုတ်လ ၄ရက်နေ့မှ၍ မင်းပြားမြို့နယ် ရွာပေါင်း ၂၀ ကျော်တွင် ရေစမြုပ်ခဲ့သည်ဟုသိရသည်။

ယနေ့ သြဂုတ်လ ၈ရက်နေ့တွင် ရေထပ်တိုးလာ၍ မြေနိမ့်ဒေသမှ ဒေသခံများ ဘေးလွှတ်ရာသို့ပြောင်းရွှေ့နေထိုင်ကြရသည်။

မင်းပြားမြို့နယ်ရှိ လေးမြို့မြစ်အနောက်ဘက်ရွာများတွင် ရေထပ်တိုးလာ၍ ဘုန်းကြီးကျောင်းများ၊ ၂ထပ်ဆောင်စာသင်ကျောင်းများ၊ လူနေအိမ်ကြီးများတွင် ခိုလှုံနေကြရသည်။

မင်းပြားမြို့နယ် မြောင်းဘွေချေ၊ ကံဖေ၊ င/ပုကွ၊ ကြက်မကျီချင်းရွာ၊ ကြက်မကျီဝင်းဇား၊ သံလျှင်သစ်၊ နော်နာ၊ နော်နာဆလင်၊ မြစ်နားဒုံးချောင်း၊ အတွင်းဒုံးချောင်း၊ မြစ်နား၊ နဒင်ရွာသစ်၊ နဒင်ရွာဟောင်း၊ ခါသာ၊ ကတို့ဆိပ်၊ ချင်းဆိပ်၊ ကုလားမတောင်၊ မင်းဖူး၊ အသေကာလ၊ ဖုံသာချောင်းထဲရှိ သလူချောင်း၊ ဇင်ချောင်း စသည့်ရွာဘက်တွင် ယနေ့ နေ့လည်ပိုင်းထိ ရေထပ်တိုးလာသည်ဟု နဒင်ရွာဟောင်းမှ ရွာခံသားတစ်ဦးက ABN သို့ပြောသည်။

“ရေက မကျဘူး၊ ထပ်တိုးလာတာပဲရှိတယ်၊ အခုချိန်က ဒီရေကျချိန်၊ ဒါပေမယ့်နည်းနည်းလေးမှမလျော့ဘူး၊ ထပ်တိုးနေတယ်၊ ရွာထဲမှာဆိုရင် ယောက်ျားတွေအရပ်နဲ့တောင် ရင်လောက်ရောက်တယ်၊ စာသင်ကျောင်းတွေလည်း ရေနစ်နေတယ်၊ ၂ထပ်ဆောင်မှာ အောက်ပိုင်းမြုပ်နေတယ်” ဟုပြောသည်။

ဒီရေမလျော့ဆင်းသွားဘဲ ထပ်တိုးလာသောကြောင့် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် လယ်ကွင်းများရေမြုပ်သွား၍ စပါးများပျက်စီးသွားသည်ကိုတွေ့ရသည်။

အလားတူ ကျောက်တော်မြို့နယ်တွင်လည်း ဒီရေမြင့်တက်လာနေပြီး မြေနိမ့်ဒေသမှ ဒေသခံများကုန်းမြင့်ဒေသဖက်သို့ ပြောင်းရွှေ့နေကြရသည်။

ကျောက်တော်ကုလားတန်မြစ်သည် ဒီရေထပ်တိုးလာနိုင်ပြီး စိုးရိမ်ရေမှတ်အထိရောက်နိုင်ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။

ဓာတ်ပုံ-မင်းပြားနယ် မင်းဖူးနှင့် နဒင်ရွာများတွင် ရေပြည့်နေသည်ကို တွေ့ရစဥ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ