Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်၊ကမ်းနီရွာအနီးတွင် ယာဥ်တိုက်မှုဖြစ်ပွား

ရှိုင်းမိုး Arakan Bay News -ABN

မင်းပြားမြို့နယ်၊ ကမ်းနီရွာအနီးတွင် ကြံတိုင်အောင်ကားနှင့် ဓာတ်ဆီကားတစ်စီးတို့ ယာဥ်တိုက်မှုဖြစ်ပွားကြောင်းသိရသည်။

ယနေ့ ဇန်နဝါရီလ ၃ရက်နေ့ ၁ နာရီခွဲကျော်လောက်အချိန်တွင် ရန်ကုန် စစ်တွေ ကားလမ်းမကြီး၌ ခရီးသည်တင် ကြံတိုင်းအောင်ကားနှင့် ဓာတ်ဆီကားတို့ တိုက်မှုဖြစ်ပွားကြောင်းသိရသည်။

ယာဥ်တိုက်မှုကြောင့် ခရီးသည်ယာဥ်ပါ ခရီးငည်များနှင့် ကားမောင်သူများမှ ထိခိုက်မှု မရှိခဲ့သော်လည်း ဓာတ်ဆီတင်ယာဥ်တွင် ကားဦးခေါင်းပိုင်း ပျက်စီးသွားကြောင်း ခရီးသည်တစ်ဦးကပြောသည်။

” ခရီးသယ်တွေအာလုံးက အန္တရာယ်ကင်းပါတယ်၊ ဓာတ်ဆီကားကတော တော်တော်ထိခိုက်သွားပါတယ်ဟု ” ခရီးသည်တစ်ဦးမှပြောသည်။

၂၀၂၂ ဒီဇင်ဘာ ၉ရက်နေ့တွင်လည်း စစ်တွေ -ရန်ကုန်ပြေးဆွဲနေသည့် ကြံတိုင်းအောင်ခရီးသည်တင်ကားနှင့် ဒေသခံ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဆိုင်ကယ်စီးလာသူ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ