သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်ရှိ ပန်းမြောင်းရွာအနီး စစ်ကောင်စီ၏ အောင်မင်္ဂလာဗျူဟာကုန်းနှင့် တောင်ဖြူတောင်ဗျူဟာကုန်းမှ စစ်ကောင်စီအဖွဲ့ တပ်ဆုတ်ထွက်ပြေး

AB News – ဒီဇင်ဘာ ၁၃၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ပန်းမြောင်းရွာအနီး အောင်မင်္ဂလာဗျူဟာကုန်းနှင့် တောင်ဖြူတောင်ဗျူဟာကုန်းမှ စစ်ကောင်စီအဖွဲ့ တပ်ဖွဲ့ဝင်များသည် ရက္ခိုင့်တပ်တော် လာရောက်တိုက်ခိုက်မည်ကို ကြောက်ရွံ့ပြီး ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက် ၃နာရီကျော်အချိန်တွင် တပ်ဆုတ်ထွက်ပြေးသွားကြောင်း သိရှိရသည်။

အောင်မင်္ဂလာဗျူဟာကုန်းနှင့် တောင်ဖြူတောင်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ကျော် မှာ လေးမြို့မြစ်ကို ဖြတ်ပြီး မြောက်ဦးမြို့ရှိ ၅၄၀ တပ်ရင်းသို့ တပ်ဆုတ် ထွက်ပြေးသွားကြောင်း ဒေသခံ ၁ဦးက AB Newsသို့ အတည်ပြု ပြောသည်။

“ယမန်နေ့ ညဥ့် ၁၁နာရီကျော်အချိန်မှာ စစ်ကောင်စီအဖွဲ့ဝင်ဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။ ဒီနေ့ မနက် ၃နာရီကျော်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လေးမြို့မြစ်ကို ဖြတ်ပြီး မြောက်ဦးမြို့ဘက် ထွက်ပြေးသွားတယ်” ဟု ဆိုသည်။

ညိည့်သန်ခေါင် ၁ နာရီကျော်တွင် တစ်ကြိမ် မိုးသောက်ယံ ၃ နာရီတွင် တစ်ကြိမ် နှစ်ဖက် တိုက်ပွဲ ဖြစ်သံများ ကြားလိုက်ရပြီး စစ်ကောင်စီဖက်က အကျအရှုံးရှိကြောင်း ဒေသခံများက AB News သို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့တွင် အဆိုပါဗျူဟာကုန်း ၂ခု မှလက်နက်ကြီး၊ လက်နက်ငယ်များအပြင် စစ်လေယာဥ်များဖြင့် ပန်းမြောင်းကျေးရွာနှင့် အနီးအနားရှိ ရွာများအား ပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၃၀၀၀ကျော်မှာ စစ်ဘေးလွတ်ရာတွင်ထွက်ပြေး ခိုလှုံနေခဲ့ကြရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၂ရက်နေ့တွင်လည်း ပန်းမြောင်းကျေးရွာမှ အပြစ်မဲ့ပြည်သူ ၇ဦးအား စစ်ကောင်စီအဖွဲ့မှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ