Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီကလေကြောင်းဖြင့်လာရောက် ပစ်ခတ်တိုက်ခိုက်၊ လူနေအိမ်အချို့ ပျက်စီးခဲ့ရ

AB News – မတ်လ ၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ကျေးရွာအချို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရာ‌မောင်တံတားအနီးရှိ အမ်းသားရွာမှ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

မင်းပြားမြို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ရှုံးနေသည့် စစ်ကောင်စီသည် အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေမှုများကြောင့် အသက်၊ အိုးအိမ်များ ‌နေ့စဉ်နှင့်အမျှ ဆုံးရှုံးလျက်ရှိသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၉ရက်နေ့၊ ညဉ့် ၁၁ နာရီ ၃၈မိနစ်ခန့်အချိန်တွင်  စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မင်းပြားမြို့နယ်၊ အမ်းသားရွာမှ လူနေအိမ် ၄ အိမ်ထက်မနည်း ပျက်စီးခဲ့ရကြောင်း ကျေးရွာသား ၁ဦးက AB Newsသို့ ပြောကြားသည်။

“ရွာသားတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ နေအိမ် ၄ဆောင် လုံးဝ ပျက်စီးသွားတယ်။ အခြားအိမ်တွေလည်း နည်းနည်းတော့ ပျက်စီးသွားတယ်။ အခုလို စစ်ကောင်စီက အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ရွာထဲမှာ မနေရဲကြဘူး။ အကုန်လုံး တိမ်းရှောင်နေရတယ်” ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူများကို ပစ်မှတ်ထားကာ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်နေသောကြောင့် မင်းပြားမြို့နယ်ရှိ အမ်းသားရွာ၊ သေကံရွာ၊ ဖားပျော်ရွာတို့မှ ရွာသားများမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးအရပ်ဘက်ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လေကြောင်းအသုံးပြု လာရောက်ဗုံးကြဲတိုက်ခဲ့သောကြောင့် ဆေးရုံဝန်ထမ်းအချို့နှင့်  ဆေးကုသမှုခံယူနေရသည့်  စစ်ကောင်စီသုံ့ပန်းများနှင့် သုံ့ပန်းမိသားစုများ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့သည်။

အဆိုပါနေ့တွင်ပင် စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မင်းပြားမြို့နယ်၊ သေကံရွာမှ ရွာသား ၃၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် ၂၀ကျော်လည်း ပျက်စီးခဲ့ရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ