အကြမ်းဖက်စစ်ကောင်စီတပ်၏ တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့သည့် ကျောင်းဆရာမ၏ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့ နေ့လည် ၁ နာရီက မင်းပြားမြို့ မြို့မသုဿန်၌ သင်္ဂြိုလ်ခဲ့ပြီး လူထောင်ချီ တက်ရောက်ခဲ့ကြသည်။
သေဆုံးခဲ့ရသူ ကျောင်းဆရာမ ဒေါ်မမြစော အသက် ၄၈ နှစ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်စထိမှန်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ က မင်းပြားမြို့နယ် ထောင့်ချောင်းကြီးရွာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
ထိုနေ့က ကျောင်းဆရာမအပါအဝင် အမျိုးသမီး ၄ ဦးသေဆုံးခဲ့ရပြီး နှင့် ရွာသား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ-လေးမြို့မီဒီယာဂရု









