Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် ၃တန်း ကျောင်းသားတစ်ဦး ဘောလုံးကန်ရင်း ဘက်ဟိုးကျင်းထဲ မတော်တဆ ကျ၍ ရေနစ်သေဆုံး

မင်းပြားမြို့နယ်တွင် ၃တန်း ကျောင်းသားတစ်ဦး ဘောလုံးကန်ရင်း ဘက်ဟိုးကျင်းထဲ မတော်တဆ ကျ၍ ရေနစ်သေဆုံး

ABN-ရှိုင်းမိုး

သြဂုတ် ၃၀ရက်

မင်းပြားမြို့နယ် ကြောင်ရှည်ချောင်းရွာတွင် ယနေ့ ၉နာရီကျော်အချိန်က ၃တန်းအရွယ်ကျောင်းသားတစ်ဦး ဘောလုံးကန်ရင် ဘက်ဟိုးကျင်းထဲမတော်တဆ ကျ၍ ရေနစ်သေဆုံးသွားခဲ့သည်ဟုသိရသည်။

သေဆုံးသွားသည့် ၃တန်းကျောင်းသားငယ်သည် အဖ ဦးကျော်သိန်းမောင်၏ သားအသက် ၈နှစ်အရွယ် မောင်အေးချမ်းဖြစ်ကြောင်းသိရသည်။

ထိုကျောင်းသားသည် ယနေ့နံနက်အစောပိုင်းက သူ၏သူငယ်ချင်းများနှင့်အတူ ရွာ၏အနောက်ဘက် အလယ်စု ရေကန်အောက်ရှိ လယ်ကွင်းတွင် ဘောလုံးကန်နေစဥ် ဖြားရေပြည့်နေသောကြောင့် ဘတ်ဟိုးတူးထားသောတွင်းကိုသတိမထားမိ၍ ရေနစ်သွားခဲ့သည်ဟုသိရသည်။

ထိုကျောင်းသားရေနစ်သည်ကိုတွေ့သော သူငယ်ချင်းတစ်ဦးက ရေနစ်နေသည့် မောင်အေးချမ်းအား ကူညီကယ်ဆယ်သည့်အချိန်တွင် ဘက်ဖိုးတွင်းက နက်သောကြောင့် ၎င်းကိုယ်တိုင်ရေနစ်ခဲ့သေးသည် ဟုသိရသည်။

မောင်အေးချမ်းနှင့် သူငယ်ချင်းဖြစ်သူတို့ ရေနစ်နေသည့်အကြောင်းကို နောက်ထပ် သူငယ်ချင်းတစ်ဦးက ရွာထဲမှ လူကြီးတစ်ဦးအားသွားပြီးအကူညီတောင်းခဲ့ရာ ထိုလူရောက်လာချိန်တွင် မောင်အေးချမ်းမှာ ရေနစ်သေဆုံးသွားခဲ့ပြီဟု ရွာအုပ်ချုပ်ရေးမှူး ဦးမောင်ခင်အေးကပြောသည်။

“ရေနစ်တာကလည်းသိပ်ကြာတာလဲမဟုတ်ဘူး၊ ရွာနဲ့ ဘောလုံးကွင်းနဲ့လည်းသိပ်မဝေးပါဘူး၊ ကလေးက ငယ်တယ်၊ နောက်ပြီး ဘတ်ဟိုးတွင်းက နက်တယ်၊ မောင်အေးချမ်းရေနစ်လို့သူငယ်ချင်းတစ်ယောက်က လိုက်ကူညီတယ်ပြောတယ်၊ ဒါပေမယ့် ကလေးတွေက ရွယ်တူတွေဖြစ်လို့ သွားကူညီတဲ့ကလေးတောင်မှ ရေနစ်နေခဲ့တယ်လို့ပြောကြတယ်” ဟု၎င်းကပြောသည်။

မောင်အေးချမ်းကို ယနေ့ ၁နာရီကျော်အချိန်တွင် သင်္ဂြိုလ်လိုက်သည်ဟုသိရသည်။

သြဂုတ်လ ၂၉ရက်နေ့ ကလည်း မင်းပြားမြို့နယ် တုတ်ပင်လယ်ရွာမှ အသက် ၂၈နှစ်အရွယ် မဝင်းနု ချောင်းထဲ၌ရေနစ်သေဆုံးခဲ့သည်။

ရခိုင်တွင် သြဂုတ်လ ၁လအတွင်း ရေနစ်သေဆုံးသူ ၁၇ဦးအထိရှိလာသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ