Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် ၁နှစ်ကျော်အရွယ်ရှိသည့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

မင်းပြားမြို့နယ်တွင် ၁နှစ်ကျော်အရွယ်ရှိသည့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

ABN-ရှိုင်းမိုး

အောက်တိုဘာ ၂၀ရက်

မင်းပြားမြို့နယ် လက်တော်ရီ (မူဆလင်)ရွာတွင် ယနေ့နံနက် ၇နာရီခွဲအချိန်က ၁နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့သည်ဟုသိရှိရသည်။

သေဆုံးသွားသည့် ကလေးငယ်သည် လက်တော်ရီရွာမှ ဦးဟာဒူလာမီ၏ သမီးဖြစ်သူ အသက် ၁နှစ် နှင့် ၇လအရွယ်ရှိသည့် မအင်ကာရာဘီဖြစ်သည်ဟုသိရှိရသည်။

ထိုကလေးငယ်သည် ယနေ့ နံနက် ၇နာရီခွဲအချိန်ခန့်က သူငယ်ချင်းများနဲ့ ပြေးတမ်းကစားရာမှ ရေကန်ထဲသို့ ပြုတ်ကျ၍ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လက်တော်ရီအုပ်ချုပ်ရေးမှူးကပြောသည်။

” ကန်ထဲမှာနစ်တာပါ၊ သူငယ်ချင်းတွေနဲ့ပြေးတမ်းကစားကြတယ်ထင်တယ်၊ အဲဒီမှာ မတော်တဆပြုတ်ကျတာနဲ့တူတယ်၊ ကလေးက ၁နှစ်ကျော်ဘဲရှိပါသေးတယ်၊ လူတွေသိတော့ ဆင်းပြီးဆယ်ကြပါတယ်၊ ဒါပေမယ့် အချိန်မမီလိုက်ပါဘူး၊ ကလေးကအသက်မရှိတော့ဘူး” ဟုဆိုသည်။

ထိုကလေးငယ်ကို ဆယ်ယူခဲ့ပြီး ကလေးငယ်၏ မိဘများက အသက်ရှိမည်ဟုယူဆပြီး မြောင်းဘွေဆေးရုံးကိုယူသွားသော်လည်း ဆရာဝန်က ကလေးကအသက်မရှိတော့ကြောင်း ပြောကြားလိုက်သည်ဟု သိရသည်။

ကလေးငယ် ရေကန်ထဲ ပြုတ်ကျ၍ သေဆုံးသွားသည် ရေကန်သည် လက်တော်ရီရွာ၏ သောက်ရေကန်ကြီးဖြစ်သည်ဟု သိရှိရသည်။

အောက်တိုဘာလ ၁၅ရက်နေ့ကလည်း ပေါက်တောမြို့နယ်တွင် အသက် ၂၉နှစ်အရွယ်ရှိသည့် ဦးဇော်ဦးချေသည် ရေကန်ထဲ၌ ရေနစ်သေဆုံးခဲ့သည်။

အောက်တိုဘာလ ၁၃ရက်နေ့က ပုဏ္ဏားကျွန်းမြို့ အလယ်စုရပ်ကွက်တွင် အသက် ၆၀ နှစ်အရွယ်အမျိုးသမီးရေတွင်းထဲခုန်ချ၍သေဆုံးခဲ့သည်။

​အောက်တိုဘာလ ၃ရက်နေ့ကလည်း မင်းပြားမြို့ ပြည်တော်လှရပ်ကွက်မှ အသက် ၃၇နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ