Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် သူခိုး ဓားမြ နှစ်ဦးကို APA ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ

ABN-ရာဟု

ရခိုင်ပြည် မင်းပြားမြို့နယ်တွင် သူခိုး ဓားမြနှစ်ဦးကို ရက္ခိုင့်ပြည်သူ့အစိုးရ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ်တွင် လက်ရဖမ်းဆီးမိကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် သူခိုး ဓားမြနှစ်ဦးမှာ အဖဦးဝါရာခိန်၏သား ကိုဆာဒဲလ် အသက်၂၁နှစ်နှင့် အဖဦးဂျာဘေ၏သား ကိုချာဘေ အသက်၂၂ နှစ် တို့ဖြစ်ပြီး ၎င်းတို့နေထိုင်ရာ ဆင်ကြီးပြင်(မူဆလင်ရွာ)တွင် APA ရဲတပ်ဖွဲ့က လက်ရဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဖမ်းဆီးရာတွင်ပါဝင်သည့် ရဲတစ်ဦး ပြောကြားချက်အရ သိရသည်။

“ ရွာမှာရှိတာကို သတင်းရလို့ သွားဖမ်းတာ။ အဲဒီသူခိုး ဓားမြ ၂ ဦးကို ညနေ့ ၃နာရီ ၃၀မိနစ်တွင် ဖမ်းဆီးရမိခဲ့ပါတာ” ဟု ABN ကို ပြောဆိုသည်။

ဖမ်းဆီးရမိသည့် သူခိုး ဓားမြနှစ်ဦးသည် ဖေဖော်ဝါရီလ ၁၂ရက်နေ့ ညည့်အချိန်က မင်းပြားမြို့နယ် သိမ်တောင်ရွာတွင် ပန်းဇင်မော်ကျေးရွာမှ ဘုတ်ပိုင်ဦးကျော်သိန်းအောင်ဘုတ် ကျောက်တင်ကာရပ်နားထားစဥ် လက်ကိုင်ဖုန်း ၃လုံး၊ ဘက်ထရီအိုးနှင့် မှတ်ပုံတင်များကို ခိုယူခဲ့ပြီး ဖေဖော်ဝါရီ ၁၃ရက်နေ့ညနေပိုင်ကလည်း ပေါက်တောမြို့နယ် သုံးပတ်ချိုင်ကျေးရွာမှ စပါးရောင်းဝယ်ပြီး သယ်ယူပို့ဆောင်မှုများလုပ်နေသည့် ဦးဝင်းမောင်ဘုတ်ကိုလည်း ရေဖြူသိမ်တောင်နှင့်ပန်းဇင်မော်ကြားတွင် ဘုတ်ကိုရပ်တန့်ခိုင်းကာ လက်ကိုင်ဖုန်းနှင့် စပါးရောင်းရငွေ သိန်း ၃၀ကျော်ကို ဓားမြတိုက်ခဲ့သူများဖြစ်ကြောင်း APA ရဲတပ်ဖွဲ့အဆိုအရသိရသည်။

ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ