Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် သီလရှင်တစ်ပါး ရေကန်တွင် ရေခပ်ရာမှ ရေနစ်သေဆုံး

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၃၀ရက်

ရခိုင်ပြည်၊ မင်းပြားမြို့နယ် ဝင်းဇားကျေးရွာတွင် နံနက် ၁၁နာရီအချိန်က သီလရှင်တစ်ပါး ရေကန်တွင် ရေခပ်သွားရာမှ ရေနစ်သေဆုံးခဲ့ကြောင်းသိရသည်။

၎င်းသီလရှင်မှာ မင်းပြားမြို့နယ် ကံရွာကျေးရွာမှ အသက် ၄၃နှစ်အရွယ် ဒေါ်လှအေးယဉ်ဖြစ်ကြောင်းသိရသည်။

သီလရှင် ဒေါ်လှအေးယဉ်မှာ သွေးတိုးရောဂါရှိသူတစ်ဦးဖြစ်ပြီး ၎င်းသည် ဝင်းဇားကျေးရွာရှိဘုန်းတော်ကြီး၌နေထိုင်ပြီး ယနေ့နံနက် ၁၁နာရီအချိန် ကျေးရွာရှိ ရေကန်တွင် ရေသွားခပ်ရာ၌ မူးလဲကာ ရေနစ်သေဆုံးသွားခြင်းဖြစ်သည်ဟု ကျေးရွာတစ်ဦးက ပြောသည်။

“သီလရှင်က ကျနော်တို့ရွာက ကျောင်းမှာ နေတာပါ၊ သူ့မှာက သွေးတိုးရောဂါရှိတယ်လို့သိရပါတယ်၊ ရေသွားခပ်ရာကနေ မူးပြီးရေနစ်သေဆုံးသွားပါ” ဟုပြောသည်။

သီလရှင်အား ယနေ့တွင် သင်္ဂြိုလ်ရန်အတွက် မိသားစုများကို စောင့်နေက သည်ဟုသိရသည်။

စက်တင်ဘာလ ၂၉ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ဆင်ဖြူတင်ကျေးရွာမှ အမျိုးသားတစ်ဦး ငါးရှာသွားရာမှ ရေနစ်သေဆုံးခဲ့ကြောင်းသိရသည်။

ရခိုင်တွင် သြဂုတ်၊ စက်တင်ဘာလအတွင်း ရေနစ်သေဆုံးသူ ၅၀ ဦးထက်မနည်းရှိခဲ့သည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ