Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် ဝိုင်းဖွဲ့အရက်သောက်ရာမှ ဓားထိုးသတ်မှုဖြစ် အသက် ၃၆ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံး

ABN-ရှိုင်းမိုး

ဖေဖော်ဝါရီလ ၁၄ရက်နေ့ ည ၆ နာရီအချိန်တွင် ရခိုင်ပြည် မင်းပြားမြို့နယ် ရန်တိုင်ရွာတွင် ဦးခင်မောင်သန်း အရက်ဆိုင်၌ ဝိုင်းဖွဲ့အရက်သောက်ရာမှ စကားများရန်ဖြစ်ရာ ဓားဖြင့် ထိုးသတ်မှုဖြစ်ကာ ၁ ဦးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသောသူမှာ မင်းပြားမြို့နယ် ရန်တိုင်ရွာမှ အဖ ဦးမောင်ခင်စိုး နှင့် အမိ ဒေါ်မခင်၏ သား ဦးမောင်မောင်ညွန့် အသက် ၃၆ နှစ်ဖြစ်သည်။

ဓားဖြင့် ထိုးသတ်ခဲ့သူမှာ မင်းပြားမြို့နယ် စအင်ရွာသစ်မှ နှစ် မောင်မျိုးသိန်းစိုး အသက် ၁၈ ဖြစ်ပြီး သူတို့ ၂ ဦးသည် ရန်တိုင်ရွာမှ ဦးခင်မောင်သန်း အရက်ဆိုင်တွင် အရက်ဝိုင်း၌ စကားများရာမှ မောင်မျိုးသိန်းစိုးမှ ဦးမောင်မောင်ညွန့်ကို ၁၂ လက်မခန့်အရှည်ရှိ ဓားဖြင့်ထိုးသတ်မှုကြောင့် ဦးမောင်မောင်ညွန့်၏ ရင်ညွန့်တွင် ဓားထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ဘယ်ဘက်လက်မောင်းတွင် ဓားဒဏ်ရာတစ်ချက်တို့ဖြင့် နေရာ၌ပင် သေဆုံးသွားခဲ့သည်ဟု သိရသည်။

“အရက်ဝိုင်းက‌‌တော့အတူထိုင်သောက်နေတာမဟုတ်ဘူး၊ တစ်ယောက်တစ်ဝိုင်းပါ၊ သူတို ၂ယောက်ထပြီး စကားများကြပါတယ်၊ ဘာပြဿနာလဲ‌တော့မသိပါဘူး၊ မောင်မျိုးသိန်းစိုးကစပြီ မောင်မောင်ညွန့်ရဲ့ ရင်ဝနှင့် ဘယ်လက်မောင်းကို ဓားနှင့်ထိုးလိုက်ပါတယ်၊ မောင်‌မောင်ညွန့်က တခါတည်းသေသွားပါတယ်” ဟု အမှုနှင့်ရင်းနှီးသူတစ်ဦးကပြောသည်။

လက်ရှိတွင် တရားခံ မောင်မျိုးသိန်းစိုးကို ULA နယ်မြေတရားရုံးက ဖမ်းဆီးထားသည်ဟု သိရသည်။

မင်းပြားမြို့နယ်တွင် ဝိုင်းဖွဲ့အရက်သောက်ရာမှ ဓားထိုးသတ်မှုဖြစ် အသက် ၃၆ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ