Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် လူနေအိမ်တစ်ဆောင်မီးလောင်ပြာကျ

မင်းပြားမြို့နယ်တွင် လူနေအိမ်တစ်ဆောင်မီးလောင်ပြာကျ

ABN-ရှိုင်းမိုး

အောက်တိုဘာ ၁၈ရက်

ယမန်နေ့ ည၈နာရီကျော်အချိန်က မင်းပြားမြို့နယ် လက်သန်းချီရွာတွင် လူနေအိမ်တစ်ဆောင် မီးလောင်ပြာကျသွားသည်ဟုသိရှိရသည်။

မီးလောင်သွားသောနေအိမ်သည် လက်သန်းချီရွာမှ ကျော်ထွန်းအေး၏ နေအိမ်ဖြစ်ကြောင်းသိရသည်။

ထိုမီးလောင်မှုဖြစ်ပွားသောနေအိမ်တွင် ဦးကျော်ထွန်းအေးတစ်ဦးသာနေထိုင်ကြောင်းသိရှိရသည်။

အဆိုပါမီးလောင်မှုသည် ထမင်းချက်ပြီးချိန်က မီးကိုအသေအချာမငြိမ်းခဲ့ဘဲ ပေါ့ဆမှုကြောင့် မီးလောင်ရခြင်းဖြစ်သည်ဟု လက်သန်းချီရွာမှ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကပြောသည်။

“အဲဒီအိမ်က ကျော်ထွန်းအေးတစ်ယောက်ထဲနေတာ၊ ပြီးတော့သူက အရက်သောက်တယ်။ အရက်မူးပြီး မီးဖိုထဲက မီးကိုဂရုမစိုက်ဘဲ ပေါ့ပေါ့ဆဆနေတာထင်တယ်၊ အိမ်ကတော့ အိမ်တိုင်ငုတ်တွေပဲကျန်တယ်” ဟုဆိုသည်။

ထိုမီးကို ရွာသားများမှ တစ်ခြားနေအိမ်များကို ကူးသွားမှာ ကြောက်၍ တစ်ရွာလုံးစုပေါင်းပြီး မီးငြိမ်းခဲ့ကြရာ ည ၉နာရီကျော်အချိန်တွင် မီးငြိမ်းသွားနိုင်ခဲ့သည်ဟုသိရှိရသည်။

အောက်တိုဘာလ ၁၀ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်ကလည်း စစ်တွေမြို့ ကသဲရပ်ကွက်တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့သည်။

မြောက်ဦးမြို့နယ် အိုးထိမ်းရွာတွင်လည်း အောက်တိုဘာလ ၈ရက်နေ့က လူနေအိမ်တစ်လုံးမီးလောင်ပြာကျခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ