
ABN-ရှိုင်းမိုး
ရခိုင်ပြည် မင်းပြားမြို့နယ် စအင်းရွာဟောင်းရွာတွင် လူနေအိမ် ၁အိမ်မှ ရွှေ ၉ကျပ်အခိုးခံရသည်ဟုသိရသည်။
ထိုရွှေ ၉ကျပ်သည် ဧပြီလ ၁၀ရက်နေ့ကပျောက်ဆုံးသွားသည်ဟုသိရသည်။
ရွှေပျောက်ဆုံးသွားသော အိမ်ပိုင်ရှင်မှာ အသက် ၄၄နှစ်အရွယ် ဒေါ်ခင်မျှရီဖြစ်သည်။
” ရွှေက ဧပြီလ ၁၀ရက်နေ့ကပျောက်သွားတာပါ၊ ဘယ်အချိန်ပျောက်သွားလဲမသိကြဘူး၊ အဲဒီနေ့က သူတို့ တနေ့လုံး တောင်ကိုသွားကြတယ်၊ ညနေမှပြန်ရောက်ကြတယ်” ဟုအမှုနှင့်နီးစပ်သူတစ်ဦးမှပြောသည်။
အခိုးခံရသော ရွှေ ၉ကျပ်ထဲတွင် ၁၅ပဲ၊ ၁၆ပဲ နှစ်မျိုးလုံးပါဝင်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် ထိုအမှုကို ULA/AAမှ စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။
ဧပြီလ ၇ ရက်နေ့ကလည်း မြောက်ဦးမြို့ထဲရှိ ရွှေဆိုင် ၁ ဆိုင်မှ ရွှေကျပ်ချိန် ၂၀ ခန့် လုယူခံခဲ့ရသည်။
ဓာတ်ပုံ- ရွှေဖောက်ထွင်းခိုးခံရသည့် နေအိမ်
