Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် လယ်ယာမြေကိစ္စစကားများကြရာမှ လူသတ်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံး

ABN-ရှိုင်းမိုး

ရခိုင်ပြည် မင်းပြားမြို့နယ် ပုလဲပေါက်ရွာတွင် မေလ ၂၆ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် လယ်ယာမြေကိစ္စစကားများကြရာမှ လူသတ်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ဦးအောင်ထွန်းသာ အသက် ၅၀ အရွယ်ဖြစ်သည်။

ထိုဖြစ်စဥ်သည် ဦးအောင်ထွန်းသာနဲ့ တစ်ရွာတည်းနေ အသက် ၅၀နှစ်အရွယ် ဦးမောင်ကျော်အောင်တို့သည် လယ်ယာမြေကိစ္စစကားများကြသည့်အချိန်တွင် ဦးမောင်ကျော်အောင်မှ ၉လက်မခန့်ရှည်သော ဝါးတုတ်ဖြင့် ဦးအောင်ထွန်းသာကို ရိုက်သတ်လိုက်သောကြောင့် သေဆုံးသွားသည်ဟုသိရသည်။

“မနေ့က ၁၀ နာရီခန့်ရှိပါပြီ၊ သူတို့နှစ်ယောက် လယ်ယာမြေကိစ္စစကားများကြပါတယ်၊ အဲဒီမှာ ဦးမောင်ကျော်အောင်က ဦးအောင်ထွန်းသာကို ဘေးနားမာရှိတဲ့ ဝါးလုံးတုတ်နဲ့ရိုက်သတ်ပါတယ်” ဟုမျက်မြင်သက်သေတစ်ဦးက ပြောသည်။

သေဆုံးသွားသော ဦးအောင်ထွန်းသာတွင် ဘယ်ဘက်ရင်ဖက်နဲ့ ညာဖက်ဘေးခတ်တွင် ဒဏ်ရာရရှိသွားပြီး သေဆုံးသွားခဲ့သည်ဟုသိရသည်။

လက်ရှိတွင် တရားခံ ဦးမောင်ကျော်အောင်ကို ULA/AA သက်ဆိုင်ရာနယ်မြေရုံးမှ ဖမ်းဆီးထိန်းသိမ်းထားသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ