Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် ရေနစ်၍ သားမိ ၂ဦးသေဆုံး

ABN-ရှိုင်းမိုး

သြဂုတ် ၇ရက်

သြဂုတ်လ ၆ရက်နေ့ ညနေ ၅နာရီကျော်အချိန်တွင် မင်းပြားမြို့နယ် ပြင်ယောင်းရွာမှ သားမိ ၂ ယောက် ရေနစ်၍ သေဆုံးသွားသည်ဟုသိရသည်။

သေဆုံးသွားသော သားမီး ၂ ယောက်သည် မင်းပြားမြို့နယ် ပြင်ယောင်းရွာမှဖြစ်ပြီး သာစည်ရွာမှ ပြင်ယောင်းရွာသို့ သားမီး ၃ယောက်လာကြရာလမ်းတွင်ရေနစ်၍ သားမိ ၂ဦး သေဆုံးသည်ဟု သိရသည်။

သေဆုံးသွားသူများမှာ မိခင်ဖြစ်သူ အသက် ၃၅နှစ်အရွယ် ဒေါ်ဝင်းတင်ကြည်နှင့် သားငယ်ဖြစ်သူ အသက် ၅နှစ်အရွယ် မောင်မျိုးမင်းကိုတို့်ဖြစ်ပြီး ကျန်ရပ်သူ သားကြီးဖြစ်သူမှာ အသက် ၇နှစ်အရွယ် ​ဖြစ်ကြောင်းသိရသည်။

ဖြစ်စဥ်မှာ သြဂုတ်လ ၆ရက်နေ့ နေ့လည်ပိုင်းက ထို သားမီး ၃ဦးသည် သာစည်ရွာကိုကိစ္စတခုကြောင်းသွားကြပြီး သာစည်ရွာမှ ၅နာရီကျော်လောက်အချိန်တွင် ပြင်ယောင်းရွာသို့ပြန်လာရာလမ်းတွင် ရေနစ်၍ သားငယ်ဖြစ်သူနဲ့ မိခင်ဖြစ်သူသေဆုံးခဲ့သည်ဟု ပြင်ယောင်းအုပ်ချုပ်ရေးမှူးကပြောသည်။

” သားမီး ၃ယောက်သွားတာ၊ သာစည်ရွာက ၅နာရီလောက်ကပြန်လာတယ်လို့ပြောသံကြားတယ်၊ ကျနော်တို့ရွာနှင့် သာစည်ရွာက ၁မိုင်နှင့် ၂ဖာလုံရှိပါတယ်၊ ကျွန်နော်တို့သတင်းရလို့သွားကြည့်တဲ့အချိန်မှာ သားကြီးဖြစ်သူက ကြောက်ပြီးငိုနေတယ်၊ ရေတွင်းမှာက သားမီး၂ယောက်သေလို့” ဟု၎င်းကပြောသည်။

ဒေါ်ဝင်းတင်ကြည်၏လင်ဖြစ်သူ ဦးမောင်ဝင်းထွန်းသည် မလေးရှားတွင်အလုပ်လုပ်ကိုင်နေပြီး ထိုလင်မယားမှာ သား ၂ယောက်ရှိပြီး၊ ၇နှစ်အရွယ် သား ၁ယောက်နဲ့ ၅နှစ်အရွယ် သားတစ်ယောက်ဖြစ်ကြောင်းသိရသည်။

အလားတူ သြဂုတ်လ ၅ရက်နေ့ ညပိုင်းအချိန်ကလည်း ပေါက်တောမြို့နယ် လက်ပံပြားရွာမှ ရွာသား ၄ဦးစီးနင်းလာသော ဘုတ်မြုပ်၍ အမျိုးသား ၂ယောက်သေဆုံးခဲ့သည်ဟုသိရသည်။

မင်းပြားမြို့နယ်တွင် ရေနစ်၍ သားမိ ၂ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ