Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၍ လူနေအိမ် ၉အိမ်နှင့် စပါးကျီ ၁လုံး မီးလောင်ကျွမ်း

ABN_ရှိုင်းမိုး

သြဂုတ် ၁၉ရက်

မင်းပြားမြို့နယ် ဆန်ထိုးတန်း (မူဆလင်) ရွာ မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၉ အိမ်နှင့် စပါးကျီ ၁လုံး မီးလောင်းကျွမ်းသွားသည်ဟုသိရသည်။

ယနေ့ နေ့လည် ၁နာရီ ၄၀မိနစ်အချိန်တွင် အသက် ၅၀အရွယ် ဦးမတာလောင်နေအိမ်တွင် ထမင်းချက်သည့် မီးဖိုမှ မီးစ၍လောင်သည်ဟုသိရသည်။

ဦးမတာလောင်နေအိမ်မှတဆင့် မီးကူးသွား၍ တခြားလူနေအိမ် ၈ အိမ်နှင့် စပါးသိုလှောင်သည့် ကျီ ၁လုံး လည်းမီးလောင်ကျွမ်းသွားသည်ဟုသိရသည်။

အဆိုပါ မီးလောင်ရခြင်းမှာ ဦးမတာလောင်၏ သမီး မကာလာဗာနူရ်သည် ထမင်းချက်မီးဖိုတွင် ငါးကင်၍ထားရာမှ တဆင့် ငါးကင်ကို မီးစလောင်းကာ မီးဖိုဘေးနားရှိ တာပေါ်လိပ်ကိုမီးကူးသွားသောကြောင့် မီးလောင်ရခြင်းဖြစ်ကြောင်းသိရသည်။

မီးစလောင်နေချိန်တွင် မကာလာဗာနူရ်သည် သားသမီး ၃ယောက်နှင့်အတူ အိပ်ပျော်နေပြီး မီးကူးစက်လောင်နေသည့်အချိန်မှ အိပ်ရာမှနိုးသွားသည်ဟု ဆန်ထိုးတန်းရွာမှ အုပ်ချုပ်ရေးမှူး ဦးကာလောင်က ပြောသည်။

“၁နာရီကျော်ကစလောင်တာပါ၊ အိမ် ၉ အိမ်နဲ့ စပါးသိုလှောင်ထားတဲ့ ကျီ ၁လုံးပါသွားတယ်၊ မကာလာဗာနူရ်အိမ်ကစလောင်တာ၊ သူက ထမင်းချက်မီးဖိုမှာ ငါးကင်ပြီး အိပ်ပျော်သွားတယ်၊ မီးက ငါးကင်ကိုစလောင်တယ်၊ ပြီးမှ ဘေးနားက တာပေါ်လိပ်ကိုကူးသွားတာ၊ အဲဒါမှာစလောင်တာပါ” ဟုဆိုသည်။

မီးသတ်ကားရောက်လာသော်လည်း နေအိမ်များမှာ ပြာကျသွားသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ