Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် ဗိုလ်ချုပ်ခိုင်ရာဇာနှင့် ကျဆုံးသွားခဲ့သည့် ရဲဘော်များအတွက် ဂုဏ်ပြုပွဲကျင်းပ

ABN – ထက်မြတ်ခင်

ရခိုင်ပြည် မင်းပြားမြို့နယ် ချော်ချောင်းကျေးရွာတွင် ဗိုလ်ချုပ်ခိုင်ရာဇာနှင့် ကျဆုံးသွားခဲ့သည့် ရဲဘော်များအတွက် (၂၅)နစ်ပြည့် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပခဲ့သည်ဟုသိရသည်။

ထိုအခမ်းအနားကို ဗိုလ်ချုပ်ခိုင်ရာဇာ၏ ဆွေမျိုးများနှင့် ရဲဖော်ရဲဖက်ဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတို့က ဦးဆောင်ကျင်းပခဲ့ပြီးလူပေါင်း ၅၀၀ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ၁၉၉၈ ခုနှစ်က ဗိုလ်ချုပ်ခိုင်ရာဇာ အပါအဝင် ရခိုင်ရဲဘော်(၂၇)ဦး၊ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗဟိုကော်မတီဝင် နိုင်ငံရေးမှူး ဖဒိုမှူးလွယ်အပါအဝင် ကရင်ရဲဘော်(၁၃)ဦး၊ စုစုပေါင်း (၄၀)ဦးတို့သည် အိန္ဒိယ အန်ဒမန်ကျွန်းစုရှိ လန်း(ဒ်)ဖော့ကျွန်း၌ အိန္ဒိယစစ်တပ်နှင့် သဘောတူညီမှုအရ ရေတပ်အထောက်စခန်းတစ်ခု တည်ဆောက်ရန်ရည်ရွယ်ချက်ဖြင့် သွားရောက်ခဲ့သည်။

သို့သော်လည်း အိန္ဒိယ စစ်ထောက်လှမ်းရေး၏ လှည့်စားမှုကြောင့် ဗိုလ်ချုပ်ခိုင်ရာဇာ၊ ဗိုလ်မှူးကြီးစောထွန်း၊ ဗိုလ်ကြီးရန်နိုင်၊ ဗိုလ်ကြီးလင်းဇံခိုင်၊ (KNU)မှ ဖဒိုမှူးလွယ်၊ ဗိုလ်ကြီးမြင့်ဆွေတို့အပါအဝင် ရဲဘော် ၆ ဦးတို့သည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ထိုနေ့ကို ဗိုလ်ချုပ်ခိုင်ရာဇာကျဆုံးခြင်းနေ့အဖြစ်သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် ဗိုလ်ချုပ်ခိုင်ရာဇာ ဦးဆောင်ခဲ့သည့် ရခိုင်အမျိုးသားညီညွတ်ရေးပါတီ/ရခိုင်ပြည်တပ်မတော် (NUPA/AA)ကို ဖျက်သိမ်းပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)နှင့် ပူးပေါင်းလိုက်ပြီဖြစ်သည်။

မင်းပြားမြို့နယ်တွင် ဗိုလ်ချုပ်ခိုင်ရာဇာနှင့် ကျဆုံးသွားခဲ့သည့် ရဲဘော်များအတွက် ဂုဏ်ပြုပွဲကျင်းပ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ