Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် ဒီရေမြင့်တက်မှုကြောင့် ကျေးရွာတွင်းရှိ ရေကန် ၂၂ ကန် ပျက်စီး

ABN-နွယ်စိုး

သြဂုတ် ၉ ရက်

ရခိုင်ပြည် မင်းပြားမြို့နယ်တွင် မိုးကြီးပြီး ဒီရေမြင့်တက်မှုများကြောင့် ကျေးရွာများရှိ သောက်သုံးရေကန် ၂၂ ကန် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ရေကန်များပျက်စီးသွားခဲ့မှုကြောင့် ဒေသခံ ပြည်သူများမှာ မသန့်ရှင်းသည့် မြစ်ရေ၊ မြောင်ရေနှင့် တောင်ကြားမှ လာသည့် ရေများကိုအသုံးပြုနေကြကြောင်း တာဝန်ရှိသူ ၁ ဦးက ပြောသည်။

“ရေအခက်အခဲရှိတယ်။ အခုဆို သောက်ရေကန်တွေ မသန့်ရှင်းတော့ဘူး။ မသန့်ရှင်းတဲ့ ရေတွေကို သောက်နေရတယ်။ ထမင်းချက်ဖို့အတွက်လည်း အသုံးပြုနေရတယ်။ ရေကန်တွေပျက်စီးတော့ မြောင်ရေတွေကို အသုံးပြုရတယ်။ မြောင်ရေက လုံးဝ မသန့်ရှင်းသလို ရေလည်း ညစ်ပစ်တယ်” ဟု ပြောသည်။

ရေကန်များ ရေလွှမ်းမိုး နစ်မြုပ် ပျက်စီးသွားခဲ့ရသည့် ရွားများမှာ ကပွဲရွာမှ ၅ ကန်၊ ဒုံးသားရွာမှ ၁ ကန်၊ပွဲရကံဆိပ်မှ ၁ ကန်၊ တံခွန်တိုင်ရွာမှ ၂ ကန်၊ ချင်းဆိပ်ရွာမှ ၁ ကန်၊ အသေကလရွာမှ ၄ ကန်၊ပုလဲတောင် ရွာမှ ၂ ကန်၊ ဝါးတောင်ရွာမှ ၁ ကန်နှင့် ဒုံးကြီးရွာမှ ၂ ကန်တို့ဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး ရေကြီးရေလျှံမှုများဖြစ်ပွားကာ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်စသည့်မြို့နယ်များတွင် မြစ်ရေများမြင့်တက်လာခြင်းကြောင့် ကျေးရွာအချို့မှာ ရေလွှမ်းမိုးမှုဒဏ်ကိုခံနေကြရပြီး ဒေသခံများမှ ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေကြရသည်။

ကျောက်တော်၊ မင်းပြား မြို့နယ်များတွင်လည်း သောက်သုံးရေကန်များ ရေဖုံးလွှမ်းသွားသဖြင့် ရေအရေးပေါ် ကူညီကယ်ဆယ်ရေး လိုအပ်လျက်ရဗိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ