Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ဒဏ်ရာရရှိသူ ၂၅ဦးအနက် ဆေးကုသမှုခံနေစဉ် ၄ဦး ထပ်တိုးသေဆုံး

မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ဒဏ်ရာရရှိသူ ၂၅ဦးအနက် ဆေးကုသမှုခံနေစဉ် ၄ဦး ထပ်တိုးသေဆုံး

AB News – မတ်လ ၁၈၊ ၂၀၂၄

မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သာဒေရွာမှ ဒဏ်ရာရရှိသူ ၂၅ဦးအနက် ၄ဦးမှာ ဆေးကုသမှုခံနေစဉ် ယ​နေ့ မွန်းလွှဲအချိန်တွင် သေဆုံးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ယနေ့ မတ်လ ၁၈ရက်နေ့၊ နံနက် ၁နာရီကျော်ခန့်အချိန်တွင် စစ်ကောင်စီအဖွဲ့က Jet Fighterဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းပြားမြို့နယ်၊ သာဒေ (မူဆလင်) ကျေးရွာမှ ရွာသား ၂၁ဦး သေဆုံးခဲ့ရပြီး ၂၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီအဖွဲ့က ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် သာဒေ(မူဆလင်)ရွာမှ လူနာ ၂၅ဦးအနက် ၄ဦးမှာ ဆေးကုသမှု ခံယူနေစဉ် ယနေ့ မွန်းလွှဲ ၁၂နာရီကျော် အချိန်တွင် သေဆုံးခဲ့သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“ဒဏ်ရာရ လူနာတွေဟာ အတော်လေး သနားစရာကောင်းတယ်။ သူတို့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေက တအားပြင်းတယ်။ ဒဏ်ရာရသူတွေထဲက ၄ဦး မွန်းလွှဲပိုင်း အချိန်က သေဆုံးခဲ့ရပါတယ်” ဟု ဆိုသည်။

သာဒေကျေးရွာမှ အခြားဒဏ်ရာရလူနာများမှာလည်း အရေးပေါ်ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ်များနှင့် ဆယ်ကျော်သက်အရွယ်များ ပါဝင်သည်ကို တွေ့ရသည်။

ယမန်နေ့ မတ်လ ၁၇ရက်နေ့ကလည်း စစ်တွေမြို့၊ အမှတ် ၁၂ရဲတပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦးအပါအဝင် ၃ဦးသေဆုံးခဲ့ရပြီး ၂ဦးဒဏ်ရာရရှိခဲ့သည်။

ကုလသမဂ္ဂ (UNOCHA) ၏ မတ်လ ၃ရက်နေ့က ထုတ်ပြန်ချက်အရ ရက္ခိုင်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သား ၁၇၀ကျော် သေဆုံးခဲ့ရပြီး ၄၀၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ရက္ခိုင်ဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများကို  လူမဆန်စွာ ဖမ်းဆီး၊ သတ်ဖြတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်နေပြီး လူအစုလိုက်အပြုံလိုက်သေစေသည့် ဖျက်အားပြင်းဗုံးများကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်လျက်ရှိကာ စစ်ရာဇဝတ်မှုများကို ပြောင်းပြောင်းတင်းတင်းကျူးလွန်နေသည်ကို တွေ့ရသည်။

ယခု လူအစုလိုက်အပြုံလိုက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ စစ်ကောင်စီဖက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ