Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် စိတ်ဝေဒနာသည် အမျိုးသား ၁ဦး ကြိုးဆွဲချ သေဆုံး

မင်းပြားမြို့နယ်တွင် စိတ်ဝေဒနာသည် အမျိုးသား ၁ဦး ကြိုးဆွဲချ သေဆုံး

ABN-ရှိုင်းမိုး

သြဂုတ် ၃၀ရက်

ယနေ့ နံနက် ၆နာရီကျော်အချိန်က မင်းပြားမြို့ နယ် ကျောက်ခုတ်ရွာမှ စိတ်ဝေဒနာသည် အမျိုးသား ၁ဦးကြိုးဆွဲချ၍ သေဆုံးသွားခဲ့သည်ဟုသိရသည်။

ကြိုးဆွဲချ၍သေဆုံးသွားသူမှာ အဖ ဦးသိန်းမောင်၏သား အသက် ၃၂ နှစ်အရွယ် ဦးမောင်ဝင်းသိန်းဖြစ်ကြောင်းသိရသည်။

၎င်းသည် ယနေ့နံနက် စောစော ၅နာရီအချိန်က အိပ်ရာမှထပြီး နောက်ဖေးသွားရာမှ စပါးသိုလှောင်ထားသည့် စပါးကျီ တွင် ကြိုးဆွဲချသေဆုံးလျက် တွေ့ခဲ့သည်ဟု သိရသည်။

အဖဖြစ်သူ ဦးသိန်းမောင်မှာ အိမ်နောက်ဖေး သွားရာမှ သားဖြစ်သူ သေဆုံးနေသည်ကိုတွေ့သောကြောင့်ကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင်ကြားခဲ့သည်ဟုသိရသည်။

“သူက စိတ်ဝေဒနာသည်တစ်ဦးပါ၊ မနက်စောစော အိမ်နောက်ဖေးကို ထသွားတယ်ပြောတယ်၊ ဒါပေမယ့် သူ့အဖေက အိမ်သာသွားတယ်ပဲ ထင်တယ်ပြောတယ်၊ ခဏနေလို့ သူအဖေနောက်ဖေးသွားတော့မှယ စပါးကျီမှာ ကြိုးဆွဲချသေနေတာတွေ့တယ်ဆိုပြီး ကျွန်နော့်ကို ပြောပါတယ်” ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

ဦးမောင်ဝင်းမှာ သမီး ၁ယောက်ရှိပြီး၊ သမီးဖြစ်သူမှာ ဇနီးဖြစ်သူ၏ မိဘနှင့်အတူနေပြီး ဇနီးဖြစ်သူမှာတရုတ်နိုင်ငံတွင်အလုပ်လုပ်ကိုင်နေသည်ဟုသိရသည်။

ဦးမောင်ဝင်းမှာ စိတ်ဝေဒနာခံစားနေရသည့်အချိန်မှစ၍ မိဘများနှင့်အတူနေသည်ဟုသိရသည်။

သြဂုတ်လ ၁၇ရက်နေ့ကလည်း မင်းပြားမြို့နယ် နားပဲ့ချောင်းရွာမှ အသက် ၂၈အရွယ် ဦးအောင်ကြာထွန်းမှာ ကြိုးဆွဲချသေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ