Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် ငါးရှာနစဥ်ဝက်ရူးပြန်ရောဂါ ထဖောက်သောကြောင့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ABN-ရှိုင်းမိုး

သြဂုတ် ၁၀ရက်

သြဂုတ်လ ၉ရက်နေ့ ည ၈ နာရီအချိန်ခန့်က မင်းပြားမြို့နယ် ကုလားမတောင်ရွာမှ ရွာသားတစ်ဦး ငါးရှာနေစဥ် ဝက်ရူးပြန်ရောဂါ ထဖောက်သောကြောင့် ရေနစ်သေဆုံးခဲ့သည်ဟုသိရသည်။

ရေနစ်သေဆုံးသွားသူသည် မြောက်ဦးမြို့နယ် အောက်သကန်ရွာမှဖြစ်ပြီး၊ ၎င်းသည် လက်ရှိ မင်းပြားမြို့နယ် ကုလားမတောင်ရွာတွင် အိမ်ထောင်ကျနေသည်မှာ နှစ် ၂၀ ကျော်ကြာပြီဟုသိရသည်။

သေဆုံးသွားသောသူသည် ဦးမောင်ကြီးယေ၏သား အသက် ၃၆နှစ်အရွယ် ဦးထွန်းလှိုင်ဖြစ်သည်ဟုသိရသည်။

သူသည် သြဂုတ်လ ၉ရက်နေ့ နေလည့် ၁နာရီကျော်အချိန်က ရွာအရှေဘက် လယ်ကွင်းပြင်တွင် ငါးရှာနေစဥ် ဝက်ရူးပြန်ရောဂါထဖောက်သောကြောင့် ရေနစ်၍သေဆုံးနေခဲ့ပြီး၊ ည၈နာရီအချိန်တွင် နေအိမ်ကိုပြန်မရောက်သောကြောင့် ရွာမှလိုက်ရှာကြရာတွင် လယ်ကွင်းထဲ၌သေဆုံးနေသည်ကိုတွေ့ရသည်ဟု ကုလားမတောင်အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းကပြောသည်။

” သူက ကျနော်တို့ရွာမှာ မိန်းမရနေတာကြာပြီ၊ သူက ဝက်ရူးပြန်ရောဂါရှိတယ်၊ မကြာမကြာပေါ်တယ်၊ အမြဲတမ်းတော့မဟုတ်ဘူး၊ မနေ့ကလည်း ငါးရှာနေရင်း ထပေါ်တဲ့ပုံပေါက်တယ်၊ လယ်ကွင်းက သိပ်မနက်ပါဘူး၊ ခါးလောက်ပဲရောက်တာပါ၊ ပုံမှန်ဆိုရင် သူအရပ်နဲ့မှီတယ်၊ ဘာမှမဖြစ်လောက်ဘူး” ဟုပြောသည်။

ဦးထွန်းလှိုင်တွင် မိန်းမနဲ့အတူ ကလေးတစ်ယောက်ရှိသည်ဟုသိရသည်။

မင်းပြားမြို့နယ်တွင် ငါးရှာနစဥ်ဝက်ရူးပြန်ရောဂါ ထဖောက်သောကြောင့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ