Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် ကြိုးဆွဲချ၍ အမျိုးသားတစ်ဦးသေဆုံး

ABN-ရှိုင်းမိုး

အောက်တိုဘာ ၂၅ ရက်

ရခိုင်ပြည် မင်းပြားမြို့နယ် မေလွမ်းရွာတွင် ယမန်နေ့ နံနက် ၈နာရီကျော်အချိန်က မိမိကိုယ်ကို ကြိုးဆွဲချ၍ အမျိုးသားတစ်ဦး သေဆုံးသည်ဟုသိရသည်။

သေဆုံးသူသည် မေလွမ်းရွာမှ ဦးဘောက်သာ၏သားဖြစ်သူ အသက် ၇၅နှစ်အရွယ် ဦးစိန်ယဥ်ချေဖြစ်ကြောင်းသိရသည်။

သူသည် ယမန်နေ့နံနက်ပိုင်းက ၎င်းနေအိမ်မှ ထွက်သွားပြီး အချိန်မီအိမ်ကိုပြန်မရောက်ဘဲ ပျောက်နေခဲ့ကြောင်းသိရှိရသည်။

ဦးစိန်ယဥ်ချေပျောက်ဆုံးနေသောကြောင့် မိသားစုဝင်များ လိုက်ရှာကြရာ ရန်ကုန်-စစ်တွေ ကားလမ်း၏ အရှေ့ဘက်တောင်ကုန်းတွင် ကြိုးတွဲချသေဆုံးနေခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးကပြောသည်။

“သူစောစောက အိမ်ကထွက်သွားတယ်ပြောပါတယ်၊ ဒါနဲ့ထမင်းစားချိန်လည်းပြန်မရောက်ဘူး၊ ဒါကြောင့် မိသားစုဝင်များက လိုက်ရှာဖို့အကူညီတောင်းပါတယ်၊ ဒါနဲ့ကျနော်တို့လည်းဝိုင်းပြီးရှာပေးကြတယ်၊ နောက်ဆုံးတော့ ကြိုးတွဲချသေနေတာကိုတွေ့ပါတယ်” ဟုဆိုသည်။

ကြိုးဆွဲချ၍သေဆုံးနေသောရုပ်အလောင်းကို နေ့လည် ၂ နာရီခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။

ကြိုးဆွဲချ၍ သေဆုံးသူသည် စိတ်ဝေဒနာခံစားနေရသူတစ်ဦးလည်းဖြစ်ကြောင်းသိရသည်။

အောက်တိုဘာလ ၂၁ရက်နေ့ကလည်း မြောက်ဦးမြို့ရှိ ဘုရားပေါ်ရပ်ကွက်မှ အသက် ၁၃နှစ်အရွယ် လူငယ်တစ်ဦးကြိုးဆွဲချသေဆုံးခဲ့သည်။

အောက်တိုဘာလ ၂ရက်နေ့ကလည်း စစ်တွေမြို့ဓညဝတီရပ်ကွက်မှ စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦး ကြိုးဆွဲချ၍သေဆုံးခဲ့သည်။

ရခိုင်တွင် ရေနစ်သေဆုံးသူနှင့် ကြိုးဆွဲချ၍သေဆုံးသူအများစုသည် စိတ်ဝေဒနာခံစားနေကြရသူ များဖြစ်ကြောင်း တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ