ယနေ့ဒီဇင်ဘာ ၉ရက်နေ့တွင် စစ်တွေ -ရန်ကုန်ပြေးဆွဲနေသည့် ကြံတိုင်းအောင်ခရီးသည်တင်ကားနှင့် ဒေသခံ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဆိုင်ကယ်စီးလာသူ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ မြေပုံမြို့နယ် ကန့်ကော်ချောင်းရွာမှ မောင်နေလင်းဦးဖြစ်ကြောင်း သိရငည်။
ယနေ့ နေ့လည်က မင်းပြားမြို့နယ် သံကြိုးရွာအနီး လမ်းခွဆုံတွင် တိုက်မိခြင်းဖြစ်သည်ဟု ကနဦးသတင်းရရှိသည်။
သတင်းအပြည့်အစုံကို စုံစမ်းရန် စစ်တွေမြို့ရှိ ကြံတိင်အောင် ကားဂိတ်သို့ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပေ။


