Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့တွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး မရမာကြီး မိန်းကလေးငယ် ၁ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၁၀၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မင်းပြားမြို့တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး မရမာကြီး မိန်းကလေးငယ် ၁ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးခဲ့သူမှာ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှ ဦးတင်စိုး၏ သမီး မစံပယ် ၁၃နှစ် ဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ ဦးအေးထွန်း၏ သမီး မိုးမိုးစံ ၁၄နှစ်၊ ထွန်းနိူင်လင်း ၁၂နှစ်၊ ဦးကျော်စိန်၏သား ဇော်မျိုးနိုင် ၁၁နှစ်၊ ဦးကျော်မောင်၏သား ခိုင်လင်းနိုင် ၅နှစ်နှင့် ဦးမောင်သာထွန်း၏ သမီး ဒေါ်နီနီဝင်း ၃၅နှစ်တို့ဖြစ်သည်။

မင်းပြားမြို့ ကျိန်းတောင်တွင် အခြေစိုက်ထားသည့်

စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ဥက္ကာပျံရပ်ကွက်၊ လမ်းသွယ် ၆၏ ၅အိမ်အကွာမှ ဦးတင်စိုး၏အိမ်တွင် ကျရောက်ပေါက်ကွဲပြီး မိန်းကလေးငယ် ၁ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့သည်ဟု မင်းပြားမြို့ခံ ၁ဦးက ပြောသည်။

“ဒီနေ့ ဒီဇင်ဘာ ၁၀ရက်နေ့ ညနေ ၃နာရီ ၄၀ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီအဖွဲ့ဟာ လက်နက်ကြီး ၄ကြိမ် ပစ်တယ်။ လက်နက်ကြီး ၁လုံးဟာ ဥက္ကာပျံရပ်ကွက်၊ လမ်းသွယ်ခြောက်ရဲ့ ၅အိမ်ကျော်မှာ ကျရောက်ပေါက်ကွဲပြီး ဆော့ကစားနေတဲ့ မိန်းကလေးငယ် ၁ဦး သေဆုံးပြီး ကျန်ကလေးတွေ ထိခိုက် ဒဏ်ရာရခဲ့တယ်။ အခု ဒဏ်ရာရသူတွေကို ဆေးရုံသို့ ပို့ပြီး ဆေးကုနေရတယ်” ဟု ဆိုသည်။

ဒဏ်ရာရခဲ့သူများအား မင်းပြားမြို့မဆေးရုံးကြီးသို့ ပို့ဆောင်ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီသည် မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်သို့ ရည်ရွယ်ချက်ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယနေ့ ဒီဇင်ဘာ ၁၀ရက်နေ့ မနက်က စစ်တွေမြို့နယ် ဝါဘိုရွာမှ ဆယ်ကျော်သက်အရွယ်ကလေးတစ်ဦးမှာလည်း စစ်ကောင်စီအဖွဲ့က ဒရုန်းဗုံးဖြင့် ပစ်ခတ်သဖြင့် ပါးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် တစ်အိမ် ပျက်စီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ