သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့တွင် မီးတိုင်ယိုင်လဲနေသဖြင့် အန္တရာယ်ဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေ

မင်းပြားမြို့တွင် မီးတိုင်ယိုင်လဲနေသည့်အတွက်ကြောင့် အန္တရာယ်ဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေကြသည်ဟုသိရသည်။

အဆိုပါ ဓာတ်မီးတိုင်သည် မင်းပြားမြို့ အောက်ရွာပိုင်း ဘုတ်ဆိပ်လမ်းအနီး လမ်းမတော်လမ်းထဲတွင် ယိုင်လဲကျနေခြင်းဖြစ်သည်။

” အဲဒီ မီးတိုင်က မြေပြင်ကိုလည်း ပြုတ်ကျနေတာလည်းမဟုတ်ဘူး၊ ဒီတိုင်းတွဲကျနေတာပါ၊ တာဝန်ရှိတဲ့သူတွေလည်း ပြုပြင်လာတာလည်းမရှိပါဘူး” ဟု မီးတိုင်အနီးမှ ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်မီးတိုင်တွဲလောင်းကျနေသည်မှာ ရက်အတော်ကြာမြင့်နေပြီး လမ်းသွားလမ်းလာများအနေဖြင့် စိုးရိမ်ကြောင့်ကြနေရကြောင်းနှင့် အထူးသဖြင့် ကလေးငယ်များမှာ ပို၍ အန္တရာယ်များကြောင်း ၎င်းက ဆက်ပြောသည်။

လမ်းသွားလို့ရှိရင် အရမ်းကို စိုးရိမ်ရပါတယ်၊ ဘယ်အချိန်လဲကျလာမှာလဲ ဆိုတာလည်း မပြောနိုင်ဘူး၊ ကလေးတွေအတွက် ပိုအန္တရာယ်များပါတယ်၊ အရမ်းကို စိုးရိမ်ရပါတယ်၊ သက်ဆိုင်ရာတာဝန်ရှိတွေအနေနှင့် အမြန်ဆုံး လာရောက် ပြုပြင်ပေးစေလိုပါတယ် ဟု ပြောသည်။

မီးတိုင် ယိုင်လဲနေသည့် လမ်းမှာ လူသွားလူလာများသည့် လမ်းတစ်လမ်းလည်းဖြစ်နေသည့်အတွက် အန္တရာယ်မဖြစ်လာမီ ကြိုတင်ပြုပြင်သင့်ကြောင်း မင်းပြား ဒေသခံများက ပြောသည်။

မင်းပြားမြို့တွင် မီးတိုင်ယိုင်လဲနေသဖြင့် အန္တရာယ်ဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ