Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသမီးတစ်ဦး နေရာတွင်သေဆုံးပြီး ၂ဦးဒဏ်ရာရ

မင်းပြားမြို့တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသမီးတစ်ဦး နေရာတွင်သေဆုံးပြီး ၂ဦးဒဏ်ရာရ

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၁၆ ရက်

ရခိုင်ပြည်၊ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်တွင် ယမန်နေ့ စက်တင်ဘာ ၁၅ရက်နေ့ ည ၇နာရီ ၁၀မိနစ်အချိန်က မိုးကြိုးပစ်ခံရ၍ အမျိုးသမီးတစ်ဦး နေရာတွင်သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

သေဆုံးသွားသော အမျိုးသမီးမှာ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်မှ အသက် ၅၁အရွယ် ဒေါ်မတင်အေးဖြစ်ကြောင်းသိရပြီး ဒဏ်ရာရရှိသောသူ၂ဦးမှာ အဖဦးကောင်းစံကျော်၏ သမီးနှင့် သားဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရရှိသွားသူနှစ်ဦးမှာ သေဆုံးသူ ဒေါ်မတင်အေးနှင့် အိမ်နီးချင်းများဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ နေအိမ်၌ဖုန်းသုံးနေစဥ် မိုးကြိုးပစ်ရာတွင်ပါရှိသွားသည်ဟု ဖခင်ဖြစ်သူကပြောသည်။

‘မိုးကြိုးပစ်တဲ့အချိန်က ၇နာရီ ၁၀မိနစ်ကပါ မိုးကြိုးတစ်ချက်တည်းပစ်တာမှာ ပါသွားတာပါ ကျတော့မှာ အိမ်တစ်ခြမ်းပါသွားပါတယ် ၊ အဲဒီအချိန်မှာကျနော်ရဲ့ သားနှင့်သမီးက ဖုန်းကြည်နေကြတာပါ၊ ဒေါ်မတင်အေးသေဆုံးသွားတာကိုတော့ ကျနော် နောက်မှသိရတာပါ” ဟုပြောသည်။

ဒဏ်ရာရရှိသွားသူ ၂ဦးမှာ မင်းပြားဆေးရုံးတွင်ဆေးကုသမှုခံနေရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ