Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့တွင် နေအိမ် ၁၂ဆောင် ထက်မနည်း မီလောင်ကျွမ်းမှု ဖြစ်ပွားနေ(ရက္ခိုင့်တပ်တော်မှ တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်နေကြောင်း သိရ)

မင်းပြားမြို့တွင် နေအိမ် ၁၂ဆောင် ထက်မနည်း မီလောင်ကျွမ်းမှု ဖြစ်ပွားနေ(ရက္ခိုင့်တပ်တော်မှ တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်နေကြောင်း သိရ)

AB News – ဖေဖော်ဝါရီလ ၁၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့အတွင်း ဥက္ကာပျံရပ်ကွက်မှ နေအိမ် ၁၂ဆောင် ထက်မနည်း ယနေ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့ ညနေ ၆နာရီခန့် အချိန်မှ စတင်ကာ ယခုအချိန်ထိ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့ ညနေ ၆နာရီခန့် အချိန်မှ စတင်ကာ မင်းပြားမြို့၊ ဥက္ကာပျံရပ်တွင် နေအိမ် ၁၂ ဆောင်ထက်မနည်း မီးလောင်ကျွမ်းနေကြောင်း မင်းပြားမြို့ခံ ၁ဦးက ပြောဆိုသည်။

“ဒီနေ့ ညနေ့ ၆နာရီ ဝန်းကျင်အချိန်က စပြီးတော့ ဥက္ကာပျံရပ်ကွက်မှာ မီးလောင်ကျွမ်းဖြစ်ပွားခဲ့တယ်။ နေအိမ် ၁၂ဆောင်ထက် မနည်း မီးလောင်ကျွမ်းနေတယ်။ မီးက အခုအချိန်ထိ ဆက်လောင်နေတယ်” ဟု ဆိုသည်။

မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်ရှိ မီးလောင်နေသည့် နေအိမ်များကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်နေပြီး အခြားနေအိမ်များကို မီးလောင်ကျွမ်းမှု မဖြစ်စေရန် ရက္ခိုင့်တပ်တော်က ဆက်လက်ကြိုးစားလုပ်ဆောင်နေကြောင်းလည်း သိရှိရသည်။

မင်းပြားမြို့အတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ မည်သည့်အကြောင်းကြောင့် မီးလောင်ကျွမ်းခဲ့သည်ကို အသေးစိပ် မသိရှိရ သေးပါ။

သို့သော်လည်း မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာအနီး၌ ကျောက်ချထားသည့် စစ်ကောင်စီ၏ စစ်ရေယာဉ်မှ မင်းပြားမြို့ကို လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေသည်ကို တွေ့ရှိရသည်။

ထို့အပြင် ရမ်းဗြဲမြို့တွင်လည်း အာဏာသိမ်စစ်ကောင်စီအဖွဲ့က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့်အပြင် Y12 စစ်ထောက်ပို့ယာဉ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရမ်းဗြဲမြို့၊ ကင်းတဲရပ်ကွက်နှင့် အောင်ဆိပ်ရပ်ကွက်မှ နေအိမ်အချို့ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ