Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား

မင်းပြားမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား

AB News – ဒီဇင်ဘာ ၂၁၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မင်းပြားမြို့၌ ယနေ့ နံနက် ၁၀နာရီ ၅၅မိနစ်အချိန်တွင် စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီအဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲလက်နက်ကြီးများဖြင့် ဖလောင်းပြင်ကျေးရွာ အနီးတစ်ဝိုက်သို့ ပစ်ခတ်နေသောကြောင့် ရက္ခိုင့်တပ်တော်မှလည်း ပြန်လှန်ပြီး ခမရ ၅၄၁နှင့် ၃၇၉ တပ်ရင်းတို့အား ပစ်ခတ်သည်ဟု ထင်ရကြောင်း ကျေးရွာသား ၁ဦးက ပြောသည်။

“ဒီနေ့ ၁၀နာရီ ၅၀ ကျော်မှာ မယ်တော်တောင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီအဖွဲ့က ဖလောင်းပြင်ကျေးရွာ အနီးအနားတွေကို လက်နက်ကြီးတွေ ရမ်းသမ်း ပစ်ခတ်ခဲ့တယ်။ အဲ့ဒါကြောင့် ရက္ခိုင့်တပ်တော်ကလည်း ခမရ ၅၄၁နဲ့ ၃၇၉ကို လက်နက်ကြီးတွေနဲ့ ပြန်ပြီး လှမ်းပစ်တာထင်တယ်။ နှစ်ဖက် ပစ်ခတ်သံလိုကြားပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ဖလောင်းပြင်ကျေးရွာမှ ရွာသားများမှာ ကြောက်ရွံ့နေကြကြောင်း ပြောသည်။

မင်းပြားမြို့ခံ ၁ဦးက “စစ်ကောင်အဖွဲ့ဟာ ဖလောင်းပြင်ရွာအနားကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ အတွက် ဒီက မြို့ခံသားတွေ ကြောက်ရွံ့ပြီး စစ်ရှောင်ဖို့ စီစဥ်နေတဲ့ သူတွေတောင် ရှိပါတယ်” ဟု ပြောသည်။

ထို့အပြင် တချိန်တည်းတွင် မင်းပြားမြို့အနီး ကြပ်စင်တံတားအနီးတဝိုက်တွင်လည်း စစ်ကောင်စီရဟတ်ယာဥ်ပေါ်မှ လက်နက်ငယ်များဖြင့် မိနစ်အနည်းငယ်ကြာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးမှုအခြေအနေအား AB News က ဆက်လက်စုံစမ်းလျက်ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင်လည်း စစ်ကောင်စီအဖွဲ့က မင်ပြားမြို့အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင်း မြို့ခံများမှာ စစ်ဘေးလွတ်ရာတွင် ထွက်ပြေး ရှောင်တိမ်းခဲ့ကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ