Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့ကမ်းနီရွာအနီး စစ်ကောင်စီ၏ အမှတ်( ၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို AA အပြီးသတ်သိမ်းပိုက်

မင်းပြားမြို့ကမ်းနီရွာအနီး စစ်ကောင်စီ၏ အမှတ်( ၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို AA အပြီးသတ်သိမ်းပိုက်

AB News – ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၄

မင်းပြားမြို့ကမ်းနီရွာအနီး စစ်ကောင်စီ၏ အမှတ် ( ၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို AAက ယနေ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း AB News က စုံစမ်းသိရသည်။

ရက္ခိုင့်တပ်တော်က မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ လေ့ကျင့်ရေးသင်တန်းကျောင်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၉ ရက်ကြာသည်ထိ စခန်းအစိတ်ပိုင်းများစွာကိုသိမ်းပိုက်နိုင်ခဲ့ပြီး စကစဖက်မှ ကြည်း၊ရေ၊လေအသုံးပြုပြီး တိုက်ခိုက်ခဲ့မှုကြောင့် ၂ ဖက်စစ်ရေးအပြင်အထန်ဖြစ်ပွားခဲ့သည်။

ယနေ့ ၁၀ ရက်မြောက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ၎င်းကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး မင်းပြားမြို့နယ်သည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက AB News သို့အတည်ပြုပြောသည်။

” ဒီနေ့ ၁၀နာရီ လောက်မှာပဲ AA က သိမ်းပိုက်လိုက်ပြီ၊၊ စကစတပ်ဖွဲ့ဝင်တွေအများအပြားသေသွားတယ်လို့ သိရတယ်၊၊ စကစတွေမရှိတော့ဘူး၊၊ မင်းပြားမြို့က စကစတွေရဲ့ ကင်းစင်နယ်မြေ ဖြစ်သွားပါပြီ”ဟု ဆိုသည်။

ပြီးခဲ့သည့်ဇန်နဝါရီလကပင် စစ်ကောင်စီ၏ မင်းပြားအခြေစိုက် ၃၇၉၊ ၃၈၀၊ ၅၄၁ အပါအဝင် ကျိန်းတောင်တပ်ရင်းတို့ကို ရက္ခိုင့်တပ်တော်က နေ့ညမနား ထိုးစစ်ဆင်ချေမှုန်းနိုင်ခဲ့ပြီးနောက် အမှတ် ( ၉) တိုင်းဗဟို လေ့ကျင်းရေးသင်တန်းကျောင်းကိုလည်း ယနေ့ ဖေဖော်ဝါရီ ၂၇ရက်နေ့တွင်အလုံးစုံသိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မင်းပြားမြို့သည် ရက္ခိုင့်တပ်တော်ထိန်းချုပ်ထားသော မြို့တစ်မြို့ဖြစ်လာသော်လည်း စစ်ရှုံးနေသည့်  မင်းအောင်လှိုင် ဦးဆောင် စစ်ကောင်စီအဖွဲ့မှ  ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဥ်၊ Y-12 ဗုံးကြဲလေယာဥ်၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်၊ Mi-17 ထောက်ပို့ ရဟတ်ယာဥ် နှင့် ဟတ်စကီးတို့ဖြင့် လာရောက်တိုက်ခိုက်လျက်ရှိကြောင်း တွေ့ရသည်။

အမှတ် ( ၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းသည် စစ်ကောင်စီ၏ အဓိက လက်နက်အင်အားအကောင်းဆုံးနှင့် အခိုင်အမာ စနစ်တကျတည်ဆောက်ထားသည့် ဗျူဟာကုန်းကြီးတစ်ခုဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်ကျန်ရှိနေသေးသည့် ဘူးသီးတောင်၊မောင်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲမြို့တို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော်က ဆက်လက်ချေမှုန်းလျက်ရှိကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ