Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြိုမှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် မြိုခံ ၄ ဦးကို စစ်ကောင်စီတပ်က ညအချိန်ဝင် ရောက်ဖမ်းဆီး

ရက္ခိုင်ပြည်နယ် မင်းပြားမြိုမှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၁ ဦးအပါအဝင် မြိုခံ ၅ ဦးကို စစ်ကောင်စီတပ်ဖွဲဝင်များက ယနေ့ အောက်တိုဘာလ၈ ရက်နေ့ အရုဏ်တက်ချိန်က အိမ်ထဲဝင်ရောက်ပြီး ဖမ်းဆီးသွားသည်ဟု သိရသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ မင်းပြားမြို ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှ (ခ) ညီဒေါင်းချေ နှင့် ထိုရပ်ကွက်နေ ကိုမောင်ဆန်းနှင့် အခြားမြိုခံ ၃ ဦးတို ဖြစ်ကြောင်းသိရသည်။

“ဟုတ်ပါတယ် အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်ထဲကယောက်ကို စစ်ကောင်စီတပ်သားတွေ ဒီနေ့ အရုဏ်တက်ချိန်လောက် နေအိမ်တွေကို ဝင်ပြီး ဖမ်းသွားတာပါ၊ စစ်သားတွေက မနေ့က ည ၉ နာရီကျော်လောက်ကတည်းက မြိုထဲမှာ ပတ်ပြီး သောင်းကျန်းနေကြတာတွေ့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဥက္ကာပျံရပ်ကွက်သား တစ်ဦးက ABN ကိုပြောသည်။

မနေ့က အောက်တိုဘာ ၇ ရက်နေ့ မင်းပြားမြို ကြပ်စင်တံတားတွင် ယာယီစခန်းများချပြီး အများပြည်သူများအား စစ်ဆေးမှု ပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲဝင်များအား ရက္ခိုင့်တပ်တော် တပ်ဖွဲဝင်များကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နောက် ယခုကဲ့သို ဖမ်းဆီးမှုများကို စစ်ကောင်စီက လုပ်လာခြင်းဖြစ်သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ၈ ဦးကျဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ရက္ခိုင့်တပ်တော်၏ အောက်တိုဘာ ၇ ရက်နေ့ညနေ သတင်းထုတ်ပြန်ချက် အရသိရသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်းတွင် ရက္ခိုင်ပြည်ရှိ မြိုနယ်များမှ ဒေသခံပြည်သူများအား အကြောင်းအမျိုးမျိုးပြကာ ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးမှုများရှိနေသည်။

မင်းပြားမြိုမှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် မြိုခံ ၄ ဦးကို စစ်ကောင်စီတပ်က ညအချိန်ဝင် ရောက်ဖမ်းဆီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ