Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြိုနယ် အမ်းသားရွာတွင် စစ်ကောင်စီပစ်လက်နက်ကျည်ထိပြီး ပြင်းထန်ဒဏ်ရာများရရှိ

AB News-ဇန်နဝါရီ ၁၀၊ ၂၀၂၄

ရက္ခိုင်ပြည် မင်းပြားမြိုနယ် အမ်းသားရွာတွင် စစ်ကောင်စီအဖွဲ၏ ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ မနက် ၉ နာရီခွဲက ပစ်ခတ်သည့် လက်နက်ကျည်ထိမှန်ပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူမှာ မင်းပြားမြိုနယ် အမ်းသားရွာမှ အဖ ဦးစိန်ထွန်း၏သမီး အသက် ၄၃ နှစ်အရွယ် ဒေါ်ဝင်းမချေ ဖြစ်သည်။

ဒေါ်ဝင်းမချေ၏ ဝမ်းဗိုက်၊ ဘယ်ဖက်လက်ဖျံနှင့် ဘယ်ဖက် ဒူးတိုတွင် ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။

၎င်းလက်နက်ကျည်မှာ မင်းပြားမြိုနယ် ဖားပြိုဖက်ကမ်းမှ စစ်ကောင်စီအဖွဲက ပစ်ခတ်သည့် ကျည်ဖြစ်ကြောင်း သက်ဆိုင်ရာ ရွာသားတစ်ဦးက အတည်ပြုပြောသည်။

“လက်နက်က တရစပ်ပဲ ပစ်နေတာ။ ခေါင်းဖော်ဖိုတောင်မရပါဘူး။ အခုပစ်တာက ဖားပြိုဖက်ကမ်းကနေ ပစ်တာပါ။ ဒဏ်ရာက အရမ်းပြင်းပါတယ်” ဟုဆိုသည်။

မင်းပြားတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တိုကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သောကြောင့် ဒဏ်ရာရရှိသူအား ဆေးကုသရန်ပင် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

ထိုအပြင် ယနေ့နံနက် ၇ နာရီခန့်က မင်းပြားမြိုနယ် ပြည်တော်လှရပ်ကွက်မှ အသက် ၅၃ နှစ်အရွယ် ဦးကျော်ထွန်းအောင်မှာလည်း ဘေးစပ်ပွင့်ထွက် ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ