Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြိုနယ်တွင် စစ်ကောင်စီရေတပ် နေဗီက ပစ်ခတ်သည့်လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသား ၁ဦး သေဆုံး

မင်းပြားမြိုနယ်တွင် စစ်ကောင်စီရေတပ် နေဗီက ပစ်ခတ်သည့်လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသား ၁ဦး သေဆုံး

AB News – ဇန်နဝါရီ ၁၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြိုနယ်တွင် စစ်ကောင်စီရေတပ် နေဗီက ပစ်ခတ်သည့်လက်နက်ကြီးကျည် ထိမှန်ပြီး ယ နေ့ ဇန်နဝါရီ ၁၂ ရက် နေ့လည် ၂နာရီ၊ ၃၆ မိနစ် အချိန်တွင် အမျိုးသား ၁ဦး သေဆုံးခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးခဲ့သူမှာ မင်းပြားမြိုနယ်၊ ကြောင်ရှည်ချောင်းကျေးရွာမှာ ဦးထွန်းအေးနိုင် ၃၆နှစ် ဖြစ်သည်။

ယ နေ့ ဇန်နဝါရီ ၁၂ ရက် နေလည် ၂နာရီ၊ ၃၆ မိနစ် အချိန်တွင် စစ်ကောင်စီရေတပ် နေဗီက ပစ်ခတ်သည့်လက်နက်ကြီးကျည် ထိမှန်ပြီး မင်းပြားမြိုနယ်၊ ကြောင်ရှည်ချောင်းကျေးရွာမှ အမျိုးသား ၁ဦး သေဆုံးခဲ့သည်ဟု ကျေးရွာသား ၁ဦးက အတည်ပြု ပြောသည်။

“ဒီနေ့ နေလည် ၂နာရီ၊ ၃၆ မိနစ် အချိန်မှာ မင်းပြားမြိုက ဆုတ်လာတဲ့ စစ်ကောင်စီရေတပ် နေဗီဟာ မြစ်အနားမှာရှိတဲ့ ရွာတွေကို တရစပ် ပစ်လာတယ်။ အဲ့ဒီလို ပစ်ခတ်တဲ့အတွက် ကြောင်ရှည်ချောင်းကျေးရွာက ဦးထွန်းအေးနိုင်ရဲ့ နားထင်နှင့် လည်ပင်းမှာ ကျည်စထိမှန်ပြီး သေဆုံးသွားပါတယ်” ဟု ဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ရက် ညနေ ၃ နာရီခွဲအချိန်တွင် မင်းပြားမြို၊ မင်းဘာကြီးရပ်ကွက်အနီးရှိ ကျောက်ချထားသည့် စစ်ကောင်စီရေတပ် နေဗီမှ တပ်သားများသည် ၎င်းရပ်ကွက်သို တက်ပြီး နေအိမ်အတွင်းသို ဝင်ရောက်ကာ ပစ်သတ်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ ၄ဦး သေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ