Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြိုနယ်တွင် စစ်ကောင်စီအဖွဲ၏ ဇက်ရေယာဥ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ကျေးရွာ ၂ရွာမှ အိမ် ၁၅အိမ် ပျက်စီး

မင်းပြားမြိုနယ်တွင် စစ်ကောင်စီအဖွဲ၏ ဇက်ရေယာဥ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ကျေးရွာ ၂ရွာမှ အိမ် ၁၅အိမ် ပျက်စီး

AB News – ဇန်နဝါရီ ၁၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြိုနယ်တွင် စစ်ကောင်စီအဖွဲ၏ ဇက်ရေယာဥ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ယနေ့ ဇန်နဝါရီ ၁၂ရက်၊ မွန်းလွှ ၁၂နာရီကျော်အချိန်တွင် ကျားရဲပြင်ရွာမှ အိမ် ၄လုံးနှင့် သက်ပုန်းကျေးရွာမှ အိမ် ၁၁လုံး ပျက်စီးခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီအဖွဲ၏ ဇက်ရေယာဥ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး မင်းပြားမြိုနယ်၊ ကျားရဲပြင်ရွာမှ ဦးစံကျော်မောင်၊ ဒေါ်အေးကျော့စိန်၊ ဦးလှစံကြီးနှင့် ဦးကျော်ဆန်းတင်တို နေအိမ်များ ပျက်စီးခဲ့ရသည်။

ထိုအပြင် မင်းပြားမြိုနယ်၊ သက်ပုန်းကျေးရွာမှ ဦးမောင်ယဥ်ဦး၊ ဦးကျော်ဝင်း၊ ဦးမောင်သိန်း၊ ဦးမောင်ညီပု၊ ဦးစံကျော်လှ၊ ဦးအောင်ကျော်သိန်း၊ ဒေါ်မငယ်၊ ဒေါ်ဦးခင်သန်း၊ ဒေါ်ကျော့စိန်လှ၊ ဦးအောင်သန်းဝင်း၊ ဦးကျော်သောင်းတို နေအိမ်များမှာလည်း စစ်ကောင်စီအဖွဲ၏ ဇက်ရေယာဥ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ ပျက်စီးခဲ့ကြောင်းသိရှိရသည်။

ယနေ့ ဇန်နဝါရီ ၁၂ရက်၊ မွန်းလွှ ၁၂နာရီကျော်အချိန်တွင် မင်းပြားမြိုမှ ဆုတ်လာသော စစ်ကောင်စီအဖွဲ၏ ဇက်ရေယာဥ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ကျေးရွာ ၂ရွာမှ အိမ် ၁၅အိမ် ပျက်စီးခဲ့သည်ဟု ကျေးရွာသား ၁ဦးက ပြောသည်။

“ဒီနေ့ ဇန်နဝါရီ ၁၂ရက်၊ မွန်းလွှ ၁၂နာရီကျော်အချိန်မှာ မင်းပြားမြိုက ဆုတ်လာတဲ့ စကစ ဇက်ရေယာဥ်ဟာ မြစ်အနီးမှာ ရှိတဲ့ ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်တယ်။ ကျနော်တို သက်ပုန်းရွာက အိမ် ၁၁လုံးနဲ့ ကျားရဲပြင်ရွာက အိမ် ၄လုံး ပျက်စီးသွားခဲ့တယ်” ဟု ဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ရက် ညနေ ၃ နာရီခွဲအချိန်တွင် မင်းပြားမြို၊ မင်းဗာကြီးရပ်ကွက်အနီးရှိ ကျောက်ချထားသည့် စစ်ကောင်စီရေတပ် နေဗီမှ တပ်သားများသည် ၎င်းရပ်ကွက်သို တက်ပြီး နေအိမ်အတွင်းသို ဝင်ရောက်ကာ ပစ်သတ်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူ ၄ဦး သေဆုံးခဲ့သည်။

 ယနေ့ မွန်းလွှ ၂နာရီ၊ ၃၆ မိနစ် အချိန်တွင် စစ်ကောင်စီရေတပ် နေဗီက ပစ်ခတ်သည့်လက်နက်ကြီးကျည် ထိမှန်ပြီး မင်းပြားမြိုနယ်၊ ကြောင်ရှည်ချောင်းကျေးရွာမှာ ဦးထွန်းအေးနိုင် သေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ