Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြိုတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတိုတိုက်ပွဲ ပြင်းထန်၊ စကစဘက်မှ လေယာဥ် ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်နေ

မင်းပြားမြိုတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတိုတိုက်ပွဲ ပြင်းထန်၊ စကစဘက်မှ လေယာဥ် ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်နေ

AB News – ဇန်နဝါရီ ၁၀၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြိုတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ အခြေချတပ်စွဲထားသည့် ကျိန်းတောင်တပ်ရင်း နှင့် ၃၈၀၊ ၃၇၉၊ ၅၄၁ များကိုရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၎င်းတို မှ ဂျက်တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးကြဲချသွားခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်သည် ယနေ့ ဇန်နဝါရီလ ၁၀ ရက်၊ နံနက်ပိုင်း ၅ နာရီ ၄၀မိနစ်တွင် ကျိန်းတောင်တပ်ရင်းအပါအဝင် တပ်ရင်း ၃ ခုကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂ ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစ ဖက်မှ ဂျက်တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးကြဲချသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက AB News သို ပြောသည်။

“မနက်အရုဏ်လောက်မှာ တပ်ရင်းတွေက လက်နက်ကြီးတွေ တရစပ်ပစ်ခတ်တယ်၊ ပြီးတော့ လက်နက်ငယ်သံတွေ ပိုကျယ်လာတယ်၊ ကျိန်းတောင်ကို ဝင်တိုက်နေတယ်လိုသိရပါတယ်၊ တစ်ခြားတပ်ရင်းတွေလည်းပါတယ်၊ လက်ရှိလည်း ပစ်နေတုန်းပဲ” ဟု ဆိုသည်။

 ရက္ခိုင့်တပ်တော်က မင်းပြားအခြေစိုက် တပ်ရင်း များကို ထိုးစစ်ဆင်တိုက်ခိုက်ချိန်အတွင်း အကြမ်းဖက် စကစမှ ဂျက်တိုက်လေယာဥ်များမှ ဗုံးကြဲချမှုကြောင့် မင်းပြားမြိုခံများ အသက်လုထွက်ပြေးနေကြရသည်ဟု သိရသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းပြားမြိုရှိ အများပြည်သူသုံး ဆက်သွယ်ရေး တာဝါတိုင်အား ကျည်ထိမှန်သွားခဲ့ကြောင်လည်းသတင်းများထွက်ပေါ် လျက်ရှိသည်။

မင်း ပြားမြိုသို စကစလက်အောက်ခံ တပ်ရင်းများဖြစ်သော ကျောက်တော်မြိုနယ် ကန်ဇောက်တပ်ရင်းအပါအဝင် မြောက်ဦး ၅၄၀ တပ်ရင်းများမှလည်းလက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်နေကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့ကလည်း မြောက်ဦးမြို အခြေစိုက် ၅၄၀ တပ်ရင်းမှ ထွက်လာသည့် အင်အား ၅၀ ကျော်ပါသော စကစ စစ်ကြောင်းကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် တပ်ဖွဲဝင် ၁၅ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း AAကဆိုသည်။

မင်းပြားတွင် လက်ရှိ ၂ ဖက်တိုက်ပွဲ ပြင်းထန်နေသည့်အတွက် ထိခိုက်ပျက်စီးမှုရှိ/မရှိကို AB News က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ